ချယ်ဆီးပွဲ အပြီး ဂိုးပေါက်ကို တာဝန်ယူသင့်သူက ယာယာလား? ရမ်စ်းဒယ်လား? အပေါ် အာဆင်နယ် ပရိသတ်တွေရဲ့ အမြင်

ချယ်ဆီးနဲ့ ၂-၂ သရေကျတဲ့ ပွဲစဉ်အပြီးမှာ အသက် ၂၈ နှစ်အရွယ် ယာယာထက် ရမ်စ်းဒယ်ကိုပဲ အာဆင်နယ် ဂိုးပေါက်ကို ပြန်ပြီး နေရာပေးဖို့ တောင်းဆိုသံတွေ ထွက်ပေါ်လာပါတယ်။

အဆိုပါပွဲမှာ ယာယာဟာ အမှားတွေ မကြာခဏ လုပ်ခဲ့ပြီး ချယ်ဆီးတို့ အဆုံးသတ် သေချာရင် ၃ ဂိုးကနေ ၄ ဂိုးထိ ရခဲ့နိုင်တာပါ။ ပွဲအပြီးမှာ ခြေပဂိုး ၂ ဂိုးကြောင့် သရေတစ်မှတ် ရခဲ့ပေမယ့် စပိန်သားအပေါ် ယုံကြည်မှုကတော့ ကျဆင်းလာခဲ့ပါတယ်။

အာဆင်နယ်ပရိသတ် တစ်ဦးက ” ဂိုးပေါက် ကာကွယ်ဖို့ ရမ်စ်းဒယ်ကို ပြန်သုံးပေးနိုင်မလား?”

” အချက်အလက်တွေကို သူတို့ပြောချင်တာ ပေးပြောလိုက်ကွာ။ ကျနော် မျက်လုံးထဲမှာတော့ ယာယာထက် ရမ်စ်းဒယ်က ဒီအသင်းအတွက် ပိုလုပ်ပေးနိုင်တယ်။ ပရီးမီးယားလိဂ်ပွဲတွေကို ကစားဖို့ သူလည်း ထိုက်တန်ပါတယ်။ ”

” ချယ်ဆီးပွဲမှာ ဘောလုံးပေးချက်တွေ ညံ့ခဲ့တဲ့ ယာယာက မန်စီးတီးပွဲတုန်းကလည်း ပထမပိုင်းမှာ မကောင်းပါဘူး။ ရမ်စ်းဒယ်ဆိုရင် အဲ့လောက် မဆိုးလောက်ဘူး။ ”

” ဒီလိုပြောရတာ စိတ်မကောင်းပါဘူး။ ယာယာက အဆင်မပြေဘူး။ ရမ်စ်းဒယ်က ၄ နှစ်လောက် ပိုငယ်တယ်၊ အရပ်ပိုရှယ်တယ်၊ ပိုတုန့်ပြန်နိုင်တယ်၊ ပံ့ပိုးမှုတွေ ပိုကောင်းပါတယ်။ ရမ်စ်းဒယ်က နောက်ပွဲကို တာဝန်ယူဖို့ ထိုက်တန်ပါတယ်။ ”

” ရမ်စ်းဒယ်ရဲ့ ပံ့ပိုးမှုက ထိပ်တန်းပဲ။ ယာယာရဲ့ မှားယွင်းတဲ့ ပေးချက်မျိုးတွေက ရမ်စ်းဒယ်ဆိုရင် လုပ်မိမှာ မဟုတ်ဘူး။ ”

” ယာယာက ရမ်စ်းဒယ် နေရာ အဆင့်မြင့်လိုက်တာ မဟုတ်ပါဘူး။ အဲ့တာကို ဥပမာ ဘယ်လောက်နဲ့ သက်သေပြရဦးမယ် မသိတော့ပါဘူးကွာ ” လို့ ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။