ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ် အတွက် ဘောလုံးပွဲခန့်မှန်းသူ ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်နဲ့ ရလဒ်ခန့်မှန်းချက်တွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။
Chelsea vs Arsenal
နှစ်သင်းလုံးအတွက် ပွဲကြီးပွဲကောင်းပါပဲ။ မန်စီးတီးကို ရင်ဆိုင်တုန်းက အာဆင်နယ်တို့ ရလဒ်ကောင်း ယူနိုင်ခဲ့တယ်။ ချယ်ဆီးက သူတို့ရဲ့ နောက်ဆုံး ၃ ပွဲမှာ နိုင်ပွဲရထားတယ်။ ချယ်ဆီးတို့ နိုင်ငံတကာ သီတင်းပတ် ရောက်လာတာတောင် လိုချင်ကြမှာ မဟုတ်ပါဘူး။
ချယ်ဆီးက အိမ်ကွင်းမှာ သိပ်မကောင်းပါဘူး။ ဒါပေမယ့် စုဖွဲ့မှုကောင်းကောင်း ကစားနိုင်ရင် သူတို့က အန္တရာယ်ကြီးပါတယ်။ အာဆင်နယ်ရဲ့ အားသာချက်က ကွင်းလယ် ၃ ယောက်တန်းဖြစ်ပြီး ချယ်ဆီးနဲ့ ပတ်သက်လို့ သိပ်ပြောလို့မရပေမယ့် သူတို့ ကွင်းလယ်ကတော့ အန်ဇို၊ ကိုင်ဆီဒိုနဲ့ ဂါလယ်ဂါတို့ ဖြစ်လာမှာပါ။ ဇင်ချန်ကိုကို ဒုက္ခပေးဖို့ စတာလင်က ညာခြမ်းမှာ ကစားမယ်လို့ ထင်ပါတယ်။
ချယ်ဆီးအတွက် တစ်ခုတည်းသော ပြဿနာက အာဆင်နယ်က ကောင်နေပြီးသားအသင်း ဖြစ်နေပါတယ်။ ချယ်ဆီးက အခုမှ စတင်နေတာပါ။ ဒါကပဲ ဒီအပတ်ပွဲမှာ ချယ်ဆီးအတွက် အားသာချက် ဖြစ်လာနိုင်ပါတယ်။
အာဆင်နယ်က အထိုင်ကျနေတာမို့ ဘယ်လိုကစားမယ် သိနိုင်ပေမယ့် ချယ်ဆီးကိုတော့ မှန်းဆရ ခက်ခဲပါတယ်။ ဒီရာသီ အိမ်ကွင်းမှာ ချယ်ဆီးတို့ အကောင်းဆုံး ကစားထားနိုင်တာကတော့ လီဗာပူးကို ရင်ဆိုင်ကစားတဲ့ပွဲပဲ ဖြစ်ပါတယ်။
နိုင်ငံတကာသီတင်းပတ် မတိုင်ခင် ချယ်ဆီးက ပုံစံကောင်းတွေ တည်ဆောက်ထားနိုင်တယ်။ ကျနော်ကတော့ ဒီပွဲ သရေကျမယ်လို့ ထင်ပါတယ်။ နိုင်မယ်ဆိုရင်တော့ အာဆင်နယ်ပေါ့။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ ချယ်ဆီး 2-2 အာဆင်နယ်