စနေနေ့မှာ ထိပ်တိုက်တွေ့မယ့် ချယ်ဆီး နဲ့ အာဆင်နယ် ပွဲစဉ်အတွက် ဘာဘာတော့ဗ်ရဲ့ ပွဲရလဒ် ခန့်မှန်းချက်

နိုင်ငံတကာသီတင်းပတ် အပြီး ပရီးမီးယားလိဂ် ပွဲစဉ်တွေ ပြန်စလာဖို့ ရှိရာမှာ လန်ဒန်မြို့ခံ နှစ်သင်းဖြစ်တဲ့ ချယ်ဆီး၊ အာဆင်နယ်တို့ ထိပ်တိုက်တွေ့တဲ့ ပွဲစဉ် ပါဝင်လာပါတယ်။

ပရီးမီးယားလိဂ် တိုက်စစ်မှုးဟောင်းကြီး ဘာဘာတော့ဗ်က ဒီအပတ် လန်ဒန်ဒါဘီ ပွဲစဉ်အတွက် ကြိုတင် သုံးသပ်ခန့်မှန်းမှုမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ဘာဘာတော့ဗ်က ” အနိုင်ရမယ့် အသင်း အဖြစ် အာဆင်နယ်ဘက် အလေးပေးကြမှာပါ။ ဒါပေမယ့် ချယ်ဆီးကို ဘယ်တော့မှ လျှော့တွက်လို့ မရဘူး။

ချယ်ဆီးတို့ အရှိန်တက်လာနေပြီး မှန်ကန်တဲ့ လမ်းကြောင်းထံ ဦးတည်သွားနေတယ်။ ဒီပွဲမှာ သွင်းဂိုးတွေ မြင်ရမှာပါ။ နှစ်သင်းလုံး ဂိုးသွင်းပါလိမ့်မယ်။

ခါတိုင်း ဂိုးသွင်းပါ့မလာ စိတ်ပူနေရတဲ့ သူတွေက ဒီပွဲ ဂိုးသွင်းမယ် လို့ထင်ပါတယ်။ နီကိုးလပ်စ် ဂျက်ဆန်နဲ့ မာတင်နယ်လီ တို့က ဧရိယာထဲမှာ အမြဲ ရှိနေကြသူတွေပါ ” လို့ မှတ်ချက်ပေးခဲ့တယ်။

ဒီပွဲအတွက် ဘာဘာတော့ဗ်ရဲ့ ခန့်မှန်းရလဒ်ဟာ ချယ်ဆီး ၂-၂ အာဆင်နယ် ပဲဖြစ်ပါတယ်။