ပရီးမီးယားလိဂ် ပြိုင်ဆိုင်မှုမှာ အချိုးအကွေ့ ဖြစ်လာဖွယ်ရှိတဲ့ အာဖရိကဖလား ပြိုင်ပွဲ

အောက်တိုဘာလ နိုင်ငံတကာ သီတင်းပတ် ပြီးဆုံးသွားခဲ့ပြီမို့ ဒီနှစ်ထဲမှာ နိုဝင်ဘာလ နိုင်ငံတကာ သီတင်းပတ် တစ်ခုပဲ ကျန်ရှိပါတော့မယ်။

သို့ပေမယ့် ၂၀၂၄ နှစ်စပိုင်း ဇန်နဝါရီလထဲမှာ အာဖရိကဖလား ပြိုင်ပွဲ ကျင်းပဖို့ ရှိနေပြီး ပရီးမီးယားလိဂ်က အာဖရိကသားတွေဟာ သီတင်းပတ်များစွာ ကလပ်ပွဲတွေ လွဲချော်သွားဖို့ ရှိနေပါတယ်။

ဒီပြိုင်ပွဲကြောင့် သက်ရောက်မှု အချို့ ရှိလာနိုင်ပြီး အာဆင်နယ်ဟာ အန်နီနီနဲ့ ပါတေးတို့ နှစ်ဦးကို လက်လွတ်ပေးရမှာပါ။ သူတို့ နှစ်ဦးလုံးဟာ အာဆင်နယ်မှာ မရှိမဖြစ် ကစားသမားတွေတော့ မဟုတ်ပါဘူး။ ပါတေးကို လက်လွတ်ရတာက အာဆင်နယ် ကွင်းလယ်ကို အနည်းငယ်တော့ အားနည်းစေနိုင်ပါတယ်။

ချယ်ဆီးက အဓိက တိုက်စစ်သမား ဂျက်ဆန်ကို လက်လွတ်ရမှာဖြစ်ပြီး စပါးက ဘစ်ဆိုမာကို စေလွှတ်ပေးရမှာဖြစ်သလို မန်ချက်စတာ ယူနိုက်တက်က ပွဲထွက် ဂိုးသမား အိုနာနာ အပါအဝင် ကစားသမား ၃ဦး လက်လွှတ်ရမှာ ဖြစ်တယ်။

လီဗာပူးကလည်း သူတို့ရဲ့ အဓိက တိုက်စစ်မှုး မိုဆာလာ ကို အာဖရိကပွဲတွေ အတွက် စေလွှတ်ရဦးမှာပါ။

အဆိုပါ ပြိုင်ပွဲကြောင့် လုံးဝ သက်ရောက်မှု မရှိမှာက လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးနဲ့ နယူးကာဆယ် အသင်းတို့ ဖြစ်ပြီး အာဖရိက ကစားသမား တစ်ဦးမှ စေလွှတ်ဖို့ ရှိမနေပါဘူး။

ဒီ အာဖရိက ပြိုင်ပွဲက ဇန်နဝါရီ ၁၃ ရက်ကနေ ဖေဖော်ဝါရီ ၁၁ ရက်ထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။