ပရီးမီးယားလိဂ် အကောင်းဆုံး ကွင်းများ စာရင်းမှာ နံပါတ် ၄ ပဲ ချိတ်တဲ့ အာဆင်နယ်ရဲ့ အမ်းမရိတ်ကွင်း

အာဆင်နယ်အသင်းရဲ့ အမ်းမရိတ်ကွင်းဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းတွေထဲမှာ နံပါတ် ၄ နေရာမှာပဲ ရှိနေပါတယ်။

ဒီအဆင့်ခွဲမှုကိုတော့ အားပေးမှု၊ တည်နေရာ၊ ကွင်းဒီဇိုင်း၊ ပွဲနေ့ အတွေ့အကြုံ စတဲ့ အချက် ၄ ချက်ကို မူတည်ပြီး တွက်ချက်ခြင်း ဖြစ်ပါတယ်။ အဲ့လို စုစုပေါင်း တွက်ချက်မှုမှာ အာဆင်နယ်က နံပါတ် ၄ နေရာ ချိတ်ခဲ့တာ ဖြစ်ပါတယ်။

တည်နေရာနဲ့ အားပေးတဲ့ ပရိသတ်ကောင်းတွေ ရှိပေမယ့်လို့ အမ်းမရိတ်ရဲ့ ပရိသတ် အားပေးမှုဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၁၂ ပဲ ရှိပါတယ်။ The Athletic ရဲ့ ဒီအဆင့် သတ်မှတ်ပေးမှုဟာ လက်ခံနိုင်စရာတော့ မရှိပါဘူး။

သို့ပေမယ့် အမ်းမရိတ်ဟာ အာဆင်ဝင်းဂါး နောက်ဆုံး နှစ်တွေနဲ့ အမ်မရီ လက်ထက်တွေမှာ ထိုးကျခဲ့ပြီး အာတီတာ လက်ထက်မှာ ပြင်းထန်တဲ့ အားပေးမှုတွေ ပြန်ရလာခဲ့တာ ၁၂ လဝန်းကျင်ပဲ ရှိပါသေးတယ်။

နောက်နှစ်တွေဆိုရင်တော့ အသင်းရဲ့ အားပေးမှု အဆင့်သတ်မှတ်ချက်ဟာ ပိုတက်လာဖို့ ရှိပါတယ်။ ပရီးမီးယားလိဂ်ရဲ့ တည်နေရာ အကောင်းဆုံးမှာ နံပါတ် ၂၊ ဒီဇိုင်းပိုင်းမှာ နံပါတ် ၅၊ ပွဲနေ့ အတွေ့အကြုံပိုင်းမှာတော့ နံပါတ် ၃ ချိတ်နေပါတယ်။

အာဆင်နယ်ထက် ပိုကောင်းတဲ့ ကွင်း ၃ ကွင်းကတော့ တော်တင်ဟမ်ကွင်း၊ နယူးကာဆယ်ရဲ့ စိန့်ဂျိမ်းပက်ခ်နဲ့ မန်ယူနိုက်တက်ရဲ့ အိုးထရတ်ဖိုဒ့်တို့ ဖြစ်ပါတယ်။