ဘရာဇီး ကြယ်ပွင့်ကို လီဗာပူးထံ လက်မလွတ်ရဖို့ အီဒူးကိုယ်တိုင် ဘရာဇီးသွားကာ ညိနှိုင်းနေ

အာဆင်နယ်အသင်းဟာ ဖလူမီးနက်စ် ကွင်းလယ်လူ အန်ဒရီကို စိတ်ဝင်စားနေတဲ့ ကလပ်တွေထဲ ပါဝင်လာနေပါတယ်။

ဒီနွေတုန်းက သူ့ကို ခေါ်ယူဖို့ လီဗာပူးအသင်း ကြိုးစားခဲ့ပေမယ့် ဖလူမီနက်စ် အသင်းကတော့ ဇန်နဝါရီထိ အန်ဒရီကို ဆက်ထိန်းလိုနေတာကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့ခြင်း မရှိပါဘူး။

ရီယို အခြေစိုက် ကလပ်က Copa Libertadores ဖလား ဖိုင်နယ်ပွဲကို ရောက်နေပြီဖြစ်ကာ ဒီနှစ်ကုန်မှာ အန်ဒရီကို ရောင်းထုတ်ပေးဖို့ အဆင်သင့် ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့အပတ် သောကြာနေ့မှာတော့ အာဆင်နယ် အားကစားဒါရိုက်တာ အီဒူးက ဖလူမီနက်စ်အသင်းထံ သွားရောက်ခဲ့ပါတယ်။ သတင်းတွေကတော့ ဘရာဇီးသား အန်ဒရီကို ခေါ်ယူရေး အာဆင်နယ်ဘက်က ကြိုးစားလိုနေတာလို့ ဖော်ပြနေကြတယ်။

ဖလူမီနက်စ်ဟာ အန်ဒရီကို အသင်းသမိုင်း အမြင့်ဆုံး ကစားသမားရောင်းချမှု အဖြစ် ရောင်းထုတ်မှာဖြစ်ကာ ယူရို သန်း ၃၀-၄၀ ဝန်းကျင် ဖြစ်မယ်လို့ သိရပါတယ်။

၂၀၂၀ မှာ ဖလူမီးနက်စ် အကယ်ဒမီကနေ စီနီယာအသင်းကို ရောက်လာပြီးတဲ့နောက် အန်ဒရီဟာ ပွဲပေါင်း ၁၄၀ ခန့် ပါဝင်ကစားထားခဲ့တယ်။ သူဟာ ဘရာဇီးအသင်းက ဆီနီဂေါအသင်းကို ၄-၂ ဖြင့် အရေးနိမ့်တဲ့ပွဲမှာ စီနီယာ လက်ရွေးစင်အဖြစ် ၁၄ မိနစ် ကစားခွင့်ရခဲ့သူ ဖြစ်ပါတယ်။