ပရီးမီးယားလိဂ် ဂန္တဝင် တိုက်စစ်မှုးဟောင်းကြီး အလန် ရှီးယားကတော့ အာဆင်နယ်မှာ မသိမသာနဲ့ တောက်လျောက် ခြေစွမ်းကျနေတဲ့ ကစားသမား တစ်ဦး ရှိကြောင်း ဖော်ထုတ်လိုက်ပါတယ်။
ရှီးယား ညွှန်းဆိုခဲ့တာကတော့ အာဆင်နယ် တိုက်စစ်မှုး ဂျေးဆုပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်နွေမှာ အာဆင်နယ် ရောက်လာပြီးတည်းက ဘရာဇီးသား ဟာ ခြေစွမ်းကျဆင်းလာနေတယ်လို့ ရှီးယားကတော့ မြင်ပါတယ်။
ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ဖလား ရလုနီးပါးထိ ဖြစ်ခဲ့ကာ မန်စီးတီးကို အကောင်းဆုံး စိန်ခေါ်နိုင်ခဲ့သလို ဒီရာသီလည်း တာထွက်ကောင်းနေတဲ့ အာဆင်နယ် အသင်း အပေါ် အထင်ကြီးမိပေမယ့် တိုက်စစ်မှုး ဂျေးဆု ကိုတော့ ရှီးယားက အားမရဘဲ စိတ်ပျက်နေပါတယ်။
အာဆင်နယ်က လက်ရှိ အမှတ်ပေးဇယား အဆင့် ၆ အတွင်း အသင်းတွေထဲမှာ သွင်းဂိုး အနည်းဆုံးအသင်း ဖြစ်လို့နေပါတယ်။
” ဂျေးဆုက တောက်လျှောက်ကြီးကို ပုံမှန်အောက် ခြေစွမ်းကျနေတာပါ။ ဒီနှစ်တွေ အတွင်း သူ့ရဲ့ သွင်းဂိုး အချိုး xG က တောက်လျောက် ကျနေပါတယ်။
ဥပမာ စက်တင်ဘာ ၂၄ တုန်းက စပါးနဲ့ ၂-၂ သရေကျတဲ့ ပွဲကို ကြည့်ပါ။ သူက နေရာကောင်းတွေမှာ ရှိနေပေမယ့် ဂိုးအဖြစ် အဆုံးမသတ်နိုင်ခဲ့ဘူး။ (ပုံမှာ လက်နဲ့ ထောက်ပြလျက် ပြောသည်)
ဂျေးဆုက ဘောလုံးပေးပို့မှုတွေမှာ တကယ်ကို ကောင်းကောင်း လုပ်ခဲ့တယ်။ ဒါပေမယ့် ဂိုးရှေ့မှာတော့ ဖြုန်းတီးတော့တာပဲ။ သူ့ရဲ့ ခန္ဒာကိုယ် အနေအထားနဲ့ ဂိုးကန်သွင်းတဲ့ နည်းစနစ်တွေက အကုန် မှားနေတော့တာပဲ။ ” လို့ ရှီးယားက ထောက်ပြရှင်းပြသွားခဲ့တာ ဖြစ်ပါတယ်။