သိပ်လှ သိပ်ပြောင်မြောက်တဲ့ ကစားကွက်ဆိုပြီး အာဆင်နယ်ရဲ့ ၃-၁-၃-၃ နည်းဗျူဟာအပေါ် ချီးကျူးခြင်း

ပရီးမီးယားလိဂ် ကစားသမားဟောင်း ဖာဘရီဂတ်စ်ကတော့ အာဆင်နယ်မှာ နည်းပြ အာတီတာက သူ့ ကစားသမားတွေကို ယုံကြည်ပုံအပ်ထားခြင်းဟာ သိပ်လှပတဲ့ ဗျူဟာ တစ်ခု ဖြစ်ကြောင်း သုံးသပ် ပြောဆိုလာပါတယ်။

မြောက်လန်ဒန်ကလပ်ရဲ့ ကစားကွက် အကြောင်းကို ဖာဘရီဂတ်စ်က မှတ်ချက်ပေးရာမှာ –

” အာဆင်နယ် သုံးနေတာက ၃-၁-၃-၃ ကစားကွက်ပါ။ ဒီတော့ ဘောလုံးရဲ့ ရှေ့မှာ ကစားသမား ၆ ယောက်တောင် ရှိနေတယ်။ ဒါက ကစားသမားတွေ အပေါ် နည်းပြ က ပိုပြီး မြန်မြန် သွက်သွက် ကစားကြဖို့၊ ဘောလုံး ပြန်ယူကြဖို့ ယုံကြည် ပုံအပ်ထားရတာ ဖြစ်တယ်။

အဲဒီလိုကျမှပဲ တိုက်စစ်ဆန်တဲ့ ဘောလုံး ကစားဟန်ကို ရတာပါ။ ဒါကို ဆာလီဘာ ကစားနိုင်ချိန်နဲ့ သူ ဒဏ်ရာ ရလို့ မပါနိုင်တဲ့ အချိန်တွေမှာ ကွဲပြားတာ မြင်ရပါလိမ့်မယ်။ သူတို့ ကစားဟန်က တမူထူးခြားတယ်လို့ မီခေးလ် (အာတီတာ) က ပြောပါလိမ့်မယ်။ ” လို့ ဖြစ်ပါတယ်။

အာဆင်နယ်က ပြီးခဲ့တဲ့ရာသီကနဲ့ ယှဉ်ရင် ဒီရာသီ သွင်းဂိုး အနည်းငယ် ပိုနည်းနေဟန် ရှိပါတယ်။ ပရီးမီးယားလိဂ် ၈ ပွဲ ကစားပြီးချိန် ဒီရာသီမှာ ၁၆ ဂိုး သွင်းထားပေမယ့် အရင်နှစ်ကတော့ ဂိုး ၂ဝ သွင်းထားခဲ့တာပါ။