အတိတ်တွေကို သင်ပုန်းချေလိုက်ကြရအောင်လို့ အာဆင်နယ်ပရိသတ်တွေကို ငြိမ်းချမ်းရေးစကား ပြောလာတဲ့ အဒီဘာရော

ပရီးမီးယားလိဂ် တိုက်စစ်သမားဟောင်း အဒီဘာရောက အတိတ်တုန်းက သူနဲ့ အာဆင်နယ် ပရိသတ်တွေကြား ဖြစ်ပွားခဲ့တဲ့ ကိစ္စဟာ မေ့ပစ်လို့ ရပြီလို့ ယုံကြည်နေပါတယ်။

အာဆင်နယ်ကနေ မန်စီးတီးထံ ပြောင်းသွားပြီးနောက် ဂိုးရချိန်မှာ ကွင်းတစ်လျှောက် ပြေးလွှားပြီး အာဆင်နယ် ပရိသတ်တွေရှေ့ အောင်ပွဲခံမှု ပြုလုပ်ခဲ့တာပါ။ ဒီဖြစ်ရပ်ကပဲ သူနဲ့ အာဆင်နယ် ပရိသတ်တွေကြား ခါးသီးမှုတွေကို တိုးပွားစေခဲ့ပါတယ်။

အဒီဘာရောဟာ ကစားသမားဘဝ နောက်ဆုံး နေ့ရက်တွေကို အာဆင်နယ်ရဲ့ ဒါဘီပြိုင်ဘက် စပါးအသင်းမှာ ကုန်ဆုံးခဲ့သေးတာ ဖြစ်ပါတယ်။

” ၂၀၀၉ တုန်းက ကွင်းတစ်လျှောက် ဖြတ်ပြေးခဲ့တဲ့ ကိစ္စ ပရိသတ်တွေ မေ့နိုင်ကြပြီလို့ ထင်ပါတယ်။ ဒီနေ့ခေတ်ဆိုရင် ကစားသမားရဲ့ မိသားစု အထူးသဖြင့် မိခင် ဖခင်တွေကို စော်ကားတဲ့ ကိစ္စမျိုးတွေကို လက်မခံကြတော့ပါဘူး။

အဲ့တုန်းက ကျနော်လည်း မိခင်၊ ဖခင်တွေအတွက် ကျနော် လုပ်နိုင်တာကို လုပ်ခဲ့တာပါပဲ ” လို့ အဒီဘာရောက Sky Sports ကနေ ပြောဆိုသွားပါတယ်။