အာဆင်နယ် ၁-၀ မန်စီးတီးပွဲ ဒုတိယပိုင်းမှာ အသင်းရဲ့ အကောင်းဆုံး ကစားသမားက ယာယာဖြစ်ကြောင်း အီရန်ရိုက်က ထုတ်ပြောခဲ့ပါတယ်။
ဘာစီလိုနာဟာ နောက်နှစ်နွေမှာ စာချုပ်ကုန်တော့မယ့် အာဆင်နယ် ကွင်းလယ်လူ ဂျော်ဂျင်ဟိုကို အလွတ်ဖြင့် ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေပါတယ်။
ပုံမှန် ပွဲကစားခွင့် မရပေမယ့် အာဆင်နယ်အသင်း အဝတ်လဲခန်းအတွင်း ဂျော်ဂျင်ဟိုရဲ့ ဦးဆောင်နိုင်စွမ်းက ကြီးမားဆဲဖြစ်ပါတယ်။
ဂျေးဆုက အာဆင်နယ်မှာ နံပါတ် ၉ နေရာကနေ ကစားရဖို့ပဲ ရည်မှန်းထားပြီး အာတီတာနဲ့ အီဒူးတို့ သူ့ကို စည်းရုံးခဲ့စဉ်က အဆိုပါ နေရာမှာ ပေးကစားမယ်လို့ ကတိပေးခဲ့ကြောင်း ထုတ်ပြောပါတယ်။
ဟာလန်းနဲ့ ဘော်ဒီယှဉ်ပြိုင် တိုက်ခဲ့ပြီး နော်ဝေသားကို လဲကျစေခဲ့တဲ့ ဆာလီဘာရဲ့ မာကျောတဲ့ ရုပ်ပိုင်းဆိုင်ရာ ပြိုင်ဆိုင်မှုဟာ တွစ်တာမှာ Hit ဖြစ်နေပါတယ်။
ဆာလီဘာဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ခံစစ်မှူး ခံစစ်မှူးအဖြစ် ထောက်ခံမှုတွေ များနေပါတယ်။
ယူနိုက်တက် ကစားသမားဟောင်း ရွိုင်ကိန်းက အာဆင်နယ် ပရီးမီးယားလိဂ်ဖလား အနိုင်ရနိုင်ပေမယ့် ဇန်နဝါရီမှာ တိုနေးလို တိုက်စစ်မှူး ခေါ်နိုင် မခေါ်နိုင်က အဓိက ကျလိမ့်မယ်လို့ ထင်မြင်ချက်ပေးပါတယ်။
စက်တင်ဘာလအတွက် အာဆင်နယ် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ဆာကာ ရရှိသွားပါတယ်။
