ဟာလန်း၊ ဒီဘရိုင်းတို့လို ထူးရှယ် ကစားသမား နှစ်ဦးကို အာဆင်နယ် ပိုင်ဆိုင်ထားပါပြီ

အာဆင်နယ်ကလည်း မန်စီးတီးအသင်းလို ပွဲအဖြေကို ပြောင်းလဲနိုင်စွမ်းရှိတဲ့ ထိပ်တန်း ကစားသမားတွေ စုဆောင်းမိနေပြီလို့ သုံးသပ်မှု ရှိလာပါတယ်။

သုံးသပ်သူ Don Hutchison က “ အိုဒီဂတ်က သိပ်ကို အံ့ဩစရာကောင်းတဲ့ ကစားသမားပဲ ” လို့ Premier League Productions ကနေ ဂန်းနား အသင်းခေါင်းဆောင်အကြောင်း ပြောပါတယ်။

၎င်းကပဲ “ အိုဒီဂတ်ဟာ ကွင်းထဲမှာ လွှမ်းမိုးမှုကြီးမားတဲ့ ဒီဘရိုင်လို ကစားသမား အဖြစ် ကျနော်ကို မြင်မိစေတယ်။ ဘောလုံးနဲ့အတူဆို သူက သိပ်ကိုကောင်းပါတယ်။

ဘယ်တော့မှ ပြာယာခတ်မနေဘူး၊ အမြဲတမ်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကိုပဲ ပြုလုပ်လေ့ ရှိပါတယ်။ သူက နေရာကောင်းတွေကို အသုံးချနိုင်တယ်။

မန်စီးတီး အကြောင်းပြောရင် လူတိုင်းက ဒီဘရိုင်းနဲ့ ဟာလန်းတို့ကို ပြောကြတာပေါ့။ ဆာကာကလည်း ထူးချွန်ပေမယ့် အိုဒီဂတ်ကတော့ တကယ့်ကို ထိပ်တန်း ကစားသမားဖြစ်ပါတယ်။

အိုဒီဂတ်က သိပ်ပြီး အာကျယ်အာကျယ် မရှိပေမယ့် သူ့လုပ်ရှားမှုတွေကတော့ စွာပါတယ်။ ပွဲ ရှုံးနေပြီဆိုရင် အိုဒီဂတ်က သူ့ကို ဘောလုံးပေး၊ သူလုပ်ပြမယ်ပေါ့။ အသက် ၂၄ နှစ်အရွယ် အာဆင်နယ်ရဲ့ အသင်းခေါင်းဆောင်ဟာ မယုံနိုင်စရာ ကောင်းတဲ့သူပါ ” လို့ သုံးသပ်ခဲ့ပါတယ်။

အိုဒီဂတ်ဟာ အာဆင်နယ်အတွက် ၁၁၅ ပွဲ ကစားပြီး ကိုယ်တိုင် ၂၈ ဂိုး သွင်းယူကာ ဂိုးထောက်ပံ့မှု ၁၆ ကြိမ် လုပ်ထားနိုင်တာ ဖြစ်ပါတယ်။