ဒီ (၃) ချက်ကိုပဲ အာဆင်နယ် ဂရုစိုက် ပရီးမီးယားလိဂ်ဖလားက ဂန်းနားတွေအတွက်လို့ နဗီး သုံးသပ်လာ

ပရီးမီးယားလိဂ် သုံးသပ်သူ ဂယ်ရီနဗီးကတော့ အချက် ၃ ချက်ကို အာဆင်နယ်တို့ ဖြေရှင်းနိုင်မယ် ဆိုရင် ဒီရာသီ မန်စီးတီးကို ကျော်ပြီး ချန်ပီယံ ဖြစ်နိုင်ပါတယ်လို့ စကိုင်းစပေါ့ကနေ သုံးသပ်လာပါတယ်။

နောက်အပတ် နှစ်သင်း ထိပ်တိုက်တွေ့မယ့် ပွဲစဉ် မတိုင်ခင် အာဆင်နယ်ဟာ မန်စီးတီးနောက် ၁ မှတ်အကွာဖြင့် အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ အဆိုပါပွဲကို အနိုင်ရရင် အာဆင်နယ်ဟာ ဇယားထိပ်ကို ရောက်နိုင်ဖွယ် ရှိနေပါတယ်။

ဂယ်ရီနဗီးက “ ကျနော်ကတော့ ဒီရာသီ အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ဖလား အနိုင်ရမယ့် ဘက်ကပါပဲ။ မန်စီးတီးက တစ်ပွဲ ရှုံးထားပြီး ဒီလို သေးငယ်တဲ့ ရလဒ်တွေဟာ ပြိုင်ဘက်အသင်းတွေကို ခွန်အားပေးပါတယ်။

စီးတီးတို့ အရှုံးရလဒ်ကနေ ဆက်တိုက် နိုင်ပွဲတွေနဲ့ ပြန်လာတာကို အတိတ်မှာ မြင်ခဲ့ကြပြီးပါပြီ။ သူတို့ကို ပရီးမီးယားလိဂ် ချန်ပီယံ နေရာအတွက် ဖယ်ထုတ်လိုက်လို့ မရသေးပေမယ့် သူတို့ ရှုံးခဲ့တာက အာဆင်နယ်အတွက် အတော်လေး ခွန်အားဖြစ်စေပါတယ်။ ဒါက စိတ်ဝင်စားစရာ ကောင်းပါလိမ့်မယ်။

အကယ်လို့ အာဆင်နယ်က သူတို့ ကစားသမားတွေကို ကြံ့ခိုင်နေအောင် ထိန်းထားနိုင်မယ်ဆိုရင် ဒီရာသီ သူတို့အသင်း အခွင့်အရေးကောင်းတွေ ရှိပါလိမ့်မယ်။ ဇယားထိပ်ကို ပြန်တက်ဖို့ အာဆင်နယ်တို့ ယုံကြည်ချက် ရှိနေပါလိမ့်မယ်။

အာဆင်နယ်တို့ စိတ်တည်တည်ငြိမ်ငြိမ် ထားပြီး နည်းနည်းလေး ပို အညှာအတာ ကင်းကင်း ကစားရပါမယ်။ စမ်းသပ်မှုကြီးတွေ ရောက်လာတော့မှာပါ။ ဘာတွေဖြစ်လာမယ်ဆိုတာ ကျနော် စောင့်ကြည့်သွားပါမယ်။ ဒီရာသီက မန်စီးတီးပဲ ချန်ပီယံဖြစ်နိုင်တဲ့ ဘောလုံးရာသီ ဖြစ်လာမှာ မဟုတ်ပါဘူး ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။