မန်စီးတီး ခြေချော်ပြီး ရှုံးပွဲရသွားခြင်း အပေါ် ထင်မြင်ချက် ပေးတဲ့ အိုဒီဂတ်

အာဆင်နယ်အသင်းက ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဘုန်းမောက်ကို ၄-ဝနဲ့ ဂိုးပြတ်နိုင်ခဲ့ပြီး တဖက်မှာ မန်စီးတီးက ဝုဗ်ကို မထင်မှတ်ဘဲ ရှုံးနိမ့်ကာ အမှတ်လျော့သွားခဲ့ပါတယ်။

အမှတ်ပေးဇယားမှာတော့ မန်စီးတီးက ၁၈ မှတ်နဲ့ ပထမ နေရာမှာ ရှိနေဆဲ ဖြစ်ပြီး စပါးနဲ့ အာဆင်နယ်တို့က ၁၇ မှတ်စီနဲ့ ဒုတိယ၊ တတိယ အသီးသီး ရပ်တည်နေကြပါတယ်။

မန်စီးတီးကတော့ ဝုဗ်နဲ့ပွဲ အရေးနိမ့်ပြီး မထင်မှတ်ဘဲ ခြေချော်တဲ့ အပေါ် ဘယ်လို သဘောရှိလဲ အိုဒီဂတ် တစ်ယောက် မေးမြန်းခံခဲ့ရပြီး အာဆင်နယ် အသင်းခေါင်းဆောင်က အခုလို တုန့်ပြန် ဖြေကြားခဲ့ပါတယ်။

” အဲဒီသတင်း ကျွန်တော် အခုနကပဲ ကြားတာ။ ဒါပေမယ့် ကျွန်တော်တို့ ကိုယ့်ဘာသာ ကိုယ်ပဲ အာရုံစိုက်ထားရမှာပါ။ ဒီလိဂ်က ပြိုင်ဆိုင်မှု ပြင်းထန် ခက်ခဲတယ်။ အသင်းတိုင်းက တခြားအသင်းတိုင်းကို အနိုင်ယူနိုင်စွမ်း ရှိတယ်။

ဒီတော့ ကိုယ်က အမြဲ ထက်မြက်ပြီး ပွဲတိုင်း အတွက် အသင့် ဖြစ်နေမှာ ရမှာ။ အခုဆို ပွဲစဉ်ဇယားကလည်း ဆက်တိုက်တွေ လာနေပြီ။

ဒီတော့ ကိုယ့်အသင်းကိုယ်ပဲ အာရုံစိုက်၊ နောက်တစ်ပတ် အတွက် အသင့် ဖြစ်အောင် ပြင်ဆင်ထားရမှာပါ။ ပွဲတိုင်းကတော့ ပွဲကြီး လို့ပဲ ကျွန်တော် ထင်ပါတယ်။

ပထမဆုံးအနေနဲ့ ချန်ပီယံလိဂ် ပွဲ ရှိနေတော့ ဒီပွဲအတွက် အသင့် ဖြစ်ရပါမယ်။ အဲဒီပွဲပြီးရင် လိဂ်ပွဲ ကြည့်ရမယ်။ ဒါပေမယ့် ပွဲတိုင်းက ကျွန်တော်တို့အတွက် ပွဲကြီးပွဲကောင်းတွေ ဖြစ်ပါတယ်။ ” လို့ အိုဒီဂတ် က ပြောဆိုခဲ့ပါတယ်။