စနေနေ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေကတော့ အာဆင်နယ်အတွက် ချိုမြိန်ခဲ့ပြီး မန်ချက်စတာကလပ်တွေ အရေးနိမ့်ခဲ့သလို စပါးနဲ့ လီဗာပူးတို့ထဲက တစ်သင်း ဒါမှမဟုတ် နှစ်သင်းလုံး ရလဒ်ထိခိုက်နိုင်ချိန်မှာ ဂိုးပြတ် နိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။
ပွဲကြိုမှာ နည်းပြအာတီတာက စီနီယာ ကစားသမား ၆ ဦး ဒဏ်ရာရနေကြောင်း ပြောခဲ့ပေမယ့်လို့ ဆာကာ၊ ရိုက်နဲ့ ဆာလီဘာတို့ ပွဲထွက်ကနေ ပါဝင်လာခဲ့တယ်။
လူစုံပါတဲ့ အာဆင်နယ်က ဘုန်းမောက်ကို ခြေအသာကစားခဲ့ပြီး တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးဖြင့် ၄ ဂိုးပြတ် အနိုင်ယူခဲ့ခြင်းဖြစ်ကာ ဆာကာ အဖွင့်ဂိုး သွင်းယူခဲ့သလို အိုဒီဂတ်နဲ့ ဟာဗက်ကလည်း ပင်နယ်တီကနေ ဂိုးရခဲ့ကြတယ်။
ဟာဗက်ဟာ သူ့ရဲ့ အာဆင်နယ် ကစားသမားဘဝ ပထမဆုံး သွင်းဂိုး ရခဲ့သလို 007 တွေ 008 တွေအဖြစ် လှောင်ခံနေရမှု ရပ်တန့်သွားပြီ ဖြစ်ပါတယ်။ ပင်နယ်တီ သွင်းယူအပြီး သူ့ကို ဝိုင်းပြီး ဂုဏ်ပြုနေကြခြင်းအရ အာဆင်နယ် အဝတ်လဲခန်းက ဟာဗက်ကို ဘယ်လောက် ဂိုးရစေချင်နေလဲ ပေါ်လွင်ပါလိမ့်မယ်။
The team. ? pic.twitter.com/y8euqLqvRI
— afcstuff (@afcstuff) September 30, 2023
ပွဲပြီးခဲ့နီး နာကျင်အချိန်ပိုမှာ ဘမ်ဝှိုက်ကလည်း ဦးဆောင်ဂိုး တစ်ဂိုး ရယူခဲ့ပါသေးတယ်။ ဒီပွဲအတွက် တစ်ခုတည်းသော စိတ်ပျက်စရာက ဆာကာကို ခပ်စောစော လူစားမလဲခဲ့တာပါ။ ကွင်းထဲက ထွက်ချိန်မှာ ဆာကာ ဒဏ်ရာရှိနေခဲ့ဟန် တူပြီး နောက်အပတ်မှာ မန်စီးတီးနဲ့ပွဲရှိလို့ မပြင်းထန်ဖို့ မျှော်လင့်ရမှာပါ။
ဒီနိုင်ပွဲကြောင့် အာဆင်နယ်ဟာ မန်စီးတီးနဲ့ပွဲတူ ၁ မှတ်အကွာဖြင့် အမှတ်ပေးဇယား ဒုတိယနေရာကို တက်လာခဲ့ပြီ ဖြစ်ပါတယ်။ နောက်အပတ်မှာတော့ မန်စီးတီးကို အနိုင်ယူနိုင်ဖို့ အားထုတ်ရတော့မှာ ဖြစ်ပါတယ်။
