နည်းပြ အာတီတာရဲ့ အာဆင်နယ်အသင်းက ဒီတပတ် ပရီးမီးယားလိဂ်မှာ ဘုန်းမောက်နဲ့ အဝေးကွင်းပွဲ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ မနက်ဖြန် စနေနေ့ မြန်မာ စံတော်ချိန် ည ၈ နာရီ ခွဲ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာပါ။
ဘောလုံးပွဲတွေ သုံးသပ်နေကြ ဝါရင့်ကြီး တစ်ဦး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်က ဘုန်းမောက် v အာဆင်နယ် ပွဲအတွက် အခုလို ပွဲကြို သုံးသပ်ထားပါတယ်။
မာဆန် က ” နောက်အပတ် မန်စီးတီးကို ရင်ဆိုင်ရမယ့်ပွဲ မတိုင်ခင် အာဆင်နယ်တို့ နိုင်မှကိုဖြစ်မယ့် ပွဲစဉ်ပါပဲ။ ဒီပွဲမှာ အာဆင်နယ်အသင်း အနိုင် ၃ မှတ် ရသွားမယ် ထင်ပါတယ်။
ဘုန်းမောက်က ဒီရာသီ သိပ်ပြီး မကောင်းသေးဘဲ ရမှတ်တွေရဖို့ ရုန်းကန်နေရပါတယ်။ ဒီပွဲမှာ ဘုန်းမောက် အမှတ်ရမယ် မထင်ပါဘူး။
ဘရန့်ဖိုဒ့်ကို ၁-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ ဂန်းနားတွေ အဓိက ကစားသမား အများအပြား အနားပေးထားတာမို့ ဒီပွဲအတွက် ကြံ့ခိုင်နေပါလိမ့်မယ်။ တော်တင်ဟမ်ပွဲကြို ကျနော်ရဲ့ ခန့်မှန်းရလဒ်က သိပ် အဓိပ္ပာယ် မရှိခဲ့တာကို သိပါတယ်။ လူစာရင်း ထွက်လာတော့မှ အာဆင်နယ်မှာ ဒဏ်ရာ ပြဿနာတွေ များနေလို့ စပါးတို့ အခွင့်အရေး ရှိသွားပြီဆိုတာ သိခဲ့တယ်။
ရိုက်ကို ဒုတိယပိုင်းမှာ လူစားလဲခဲ့ရသလို ဒုတိယပိုင်းမှာ မတ်ဒီဆန် ကောင်းလွန်းသွားတာပါ။ ဖြစ်နိုင်သလောက် အမြန်ဆုံး အာဆင်နယ်က ရိုက်စ်ကို ပြန်သုံးနိုင်ဖို့ လိုပါတယ်။ သူ ဘယ်အချိန်လောက် ကြံ့ခိုင်မှု ပြန်ပြည့်လာမယ် မသိသေးပါဘူး။ ” လို့ သုံးသပ်ထားပါတယ်။
ပေါမာဆန် ရဲ့ ပွဲ ခန့်မှန်းရလဒ် ကတော့ ဘုန်းမောက် ဝ-၂ အာဆင်နယ် ဖြစ်ပါတယ်။
