ဒီတပတ် ပရီးမီးယားလိဂ် ပွဲမှာတော့ အာဆင်နယ်က ဘုန်းမောက်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရဖို့ ရှိနေပါတယ်။
ဒီနှစ်သင်းဟာ မနက်ဖြန် စနေနေ့ မြန်မာ စံတော်ချိန် ည ၈ နာရီ ခွဲ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာပါ။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူကြီး ဖြစ်တဲ့ ခရစ်ဆက်တန်ကတော့ ဒီပွဲမှာ ဂန်းနားတို့ ဂိုးအပြတ်ကြီး မဟုတ်ပေမယ့် နိုင်တော့ နိုင်မယ် လို့ သုံးသပ်ထားပါတယ်။
ဆက်တန် က ” ဘုန်းမောက်ကို ယုံကြည်လို့ မရပါဘူး။ မန်နေဂျာသစ် ဝင်လာပေမယ့် မနှစ်ကရာသီ ဂယ်ရီ အိုနေးထက် ပိုတိုးတက်လာအောင် လုပ်ပေးနိုင်လား ဆိုတာ ကျနော်တော့ မသေချာပါဘူး။
အာဆင်နယ်မှာ ဆာကာ အပါအဝင် ဒဏ်ရာ ပြဿနာ အချို့ ရှိနေပါတယ်။ ဒီပွဲအတွက် အာဆင်နယ် လူစာရင်းက ထိခိုက်မှုတွေ ရှိထားပေမယ့်လို့ နိုင်ပွဲရအောင် သူတို့ နည်းလမ်းရှာတွေ့နိုင်မယ်လို့ ထင်မိဆဲပါ။ ” လို့ သုံးသပ်ထားပါတယ်။
ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ်ကတော့ ဘုန်းမောက် ဝ-၁ အာဆင်နယ် ဖြစ်ပါတယ်။
