လက်ရှိ မန်စီးတီးက ရွှေဖလားချန်ပီယံကို ယှဉ်နိုင်မလား? စီးတီး ကစားသမား တစ်ဦးကို ရွေးရမယ်ဆို ဘယ်သူ့ကို ရွေးမလဲ?

ပရီးမီးယားလိဂ် ၃ ရာသီဆက် ချန်ပီယံ၊ ချန်ပီယံလိဂ် လက်ရှိ ချန်ပီယံ၊ ရာသီစ ၆ ပွဲမှာ ၆ ပွဲလုံး နိုင်ထားတဲ့ မန်စီးတီးဟာ အင်္ဂလန်ရဲ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းအဖြစ် ချီးကျူးခံနေရတာပါ။

ဒါပေမယ့် ဒီအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ အကြီးကျယ်ဆုံး အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ ရွှေဖလား အနိုင်ရ အာဆင်နယ်ကိုတော့ အနိုင်ယူနိုင်မှာ မဟုတ်ဘူးလို့ ၂၀၀၄ ချန်ပီယံဟောင်း ရေးပေါ်လာက ထင်မြင်ချက် ပေးခဲ့ပါတယ်။

လက်ရှိ မန်စီးတီးနဲ့ ရွှေဖလား ချန်ပီယံတို့ ယှဉ်ပြိုင်ရင် ဘာဖြစ်မလဲအတွက်ကိုတော့ ” ဒီပွဲမျိုး ဘယ်လိုဖြစ်မယ်ဆိုတာ မှန်းဆရခက်ခဲပါတယ်။ ကျနော်ကတော့ စီးတီးကို နှားတစ်ဖျားအသားဖြင့် အနိုင်ရမယ် ထင်ပါတယ်။ အာဆင်နယ်က ၂-၁ နဲ့ အနိုင်ရမှာပါ။

မန်ယူနိုက်တက် ၁၉၉၉ ခုနှစ် အသင်းနဲ့ မော်ရင်ညိုရဲ့ ပထမဆုံးသော ချယ်ဆီး အသင်းတို့ကလည်း အတော်လေး ကောင်းမွန်တဲ့ အသင်းတွေ ဖြစ်ကြပါတယ် ” လို့ ရေးပေါ်လာက ထင်မြင်ချက်ပေးခဲ့ပါတယ်။

ဒါပေမယ့် ပေါ်လာကပဲ လက်ရှိ မန်စီးတီးအသင်းသား တစ်ဦးကတော့ ရွှေဖလား အောင်မြင်တဲ့ အာဆင်နယ်အသင်းအတွက် ခေါ်ယူလိုကြောင်း ပြောပါသေးတယ်။

” ကျနော်တို့ရဲ့ အသင်းမှာ ဒီဘရိုင်းကိုတော့ ထည့်လိုမိတယ်။ သူဘောလုံးရချိန်တိုင်း တစ်ခုခုတော့ လုပ်ပြနိုင်စွမ်း ရှိပါတယ်။ ကျနော်တို့ အသင်းက ဘားကမ့်လိုပေါ့။ ဟာလန်းလည်း ကောင်းပေမယ့် ကျနော်တို့မှာ အွန်နရီ ရှိပါတယ် “‌‌ လို့ ဂန်းနားဟောင်းက ပြောဆိုသွားတာ ဖြစ်ပါတယ်။