အာဆင်နယ်နဲ့ တိုက်စစ်မှူး တိုနေးကြား အပြောင်းအရွှေ့ သတင်းတွေကို တုန့်ပြန်သွားတဲ့ ဘရန့်ဖိုဒ့်နည်းပြ

အာဆင်နယ်အသင်းဟာ တိုက်စစ်မှူးသစ် အလိုရှိနေပြီး ဘရန့်ဖိုဒ့်အသင်းမှ တိုနေးကို ခေါ်ယူလိုနေကြောင်း အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ကစားသမား ကိုယ်တိုင်က သူ့ရဲ့ နောက်ကလပ်အဖြစ် မှန်ကန်တဲ့ ဦးတည်ချက်ရှိတဲ့ အသင်းကို ရွေးချယ်လိုပြီး အာဆင်နယ်ပွဲတွေကို ငယ်တည်းက ကြည့်ရှုခဲ့ပါကြောင်း ထုတ်ပြောလာခဲ့တာပါ။

ဒါပေမယ့် ဘရန့်ဖိုဒ့် နည်းပြ သောမက်စ် ဖရန့်က ဒီသတင်းတွေကို လိုက်လံ ဆွေးနွေးနေလိုခြင်း မရှိသလို တိုနေးကို ရောင်းထုတ်ပေးဖို့ ဆန္ဒ မရှိကြောင်း ပြောလာပါတယ်။

” အဲ့အကြောင်းပြောဖို့ သိပ်စောနေသေးတယ်။ ဒီအကြောင်း ကျနော်တို့ စဉ်းတောင်မှ မစဉ်းစားဘူး။ စျေးကွက် ပိုနီးလာချိန်မှာ ထပ်မေးကြပေါ့။ ဒီမေးခွန်း ဖြေပေးဖို့က စောနေပါတယ်။

ကျနော်ကတော့ တိုနေးကို မရောင်းလိုပါဘူး။ သူက ကမ္ဘာ့အဆင့် ကစားသမားပါ၊ ဘာလို့များ ကျနော်တို့က သူ့ကို ရောင်းချရမှာလဲ။ ဒါပေမယ့်လို့ အခြေအနေ အားလုံးက ကျနော်အပေါ်မှာပဲ မူတည်နေတာ မဟုတ်ပါဘူး ” လို့ သောမက် ဖရန့်က ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။