အာဆင်နယ် ၂-၂ စပါးပွဲမှာ ဆာကာက မြှားပစ်သလို အောင်ပွဲခံပြီး သူ့ကို လှောင်ပြောင်ခြင်းအပေါ် မတ်ဒီဆန်က တုန့်ပြန်မှု လုပ်ခဲ့ပါတယ်။
တနင်္ဂနွေနေ့က ပရီးမီးယားလိဂ် ပွဲကောင်းမှာ အင်္ဂလန်သား နှစ်ဦးလုံးဟာ သက်ဆိုင်ရာ ကလပ်တွေအတွက် အဓိကကျတဲ့ ကစားသမားတွေ ဖြစ်ခဲ့ကြတာပါ။ အဖွင့်ဂိုးအဖြစ် ဆာကာရဲ့ ကန်ချက်ကောင်းက ရိုမဲရိုးနဲ့ ထိပြီး ဂိုးဝင်သွားခဲ့ချိန် ဆာကာက မတ်ဒီဆန်ရဲ့ အောင်ပွဲခံပုံကို တုပ ခဲ့ပါတယ်။
အဲ့နောက်မှာ မတ်ဒီဆန်က ဆာကာကို တစ်ဦးချင်း ထိပ်တိုက် ကျော်ဖြတ်ကာ ဆာကာကို ဟန်ချက်ပျက် ကျန်ရစ်စေခဲ့ပြီး ဆွန်ရဲ့ လှပတဲ့ သွင်းဂိုးတွက် ဖန်တီးမှု လုပ်ပေးခဲ့ပါတယ်။
Saka has hit Rashford's celebration against Man United and now Maddison's celebration against Tottenham ? pic.twitter.com/18QNV79Tjo
— ESPN UK (@ESPNUK) September 24, 2023
ပွဲအပြီးမှာ မတ်ဒီဆန်က ” ဆာကာက ကျနော့်လိုပဲ မြှားပစ်သလို အောင်ပွဲခံနေတယ်လို့ လာပြောကြပါတယ်။ သူ့ကို ကျော်ဖြတ်ပြီး အသင်း ခြေပဂိုး ရအောင် ကျနော် ဖန်တီးပေးခဲ့ချိန်မှာလည်း သူ အဲ့လို လုပ်ရင်း ကျန်နေခဲ့တာပါပဲ ” လို့ ခပ်လှောင်လှောင် ပြောဆိုခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ဆာကာကပဲ ပင်နယ်တီကနေ ဂိုးသွင်းခဲ့သလို မြှားပစ်သလို ထပ်ပြီး အောင်ပွဲခံခဲ့တယ်။ ဒါပေမယ့် မိနစ်ပိုင်း အကြာမှာပဲ မတ်ဒီဆန်ကလည်း ဆွန်ရဲ့ ဒုတိယ ခြေပဂိုးအတွက် ဖန်တီးမှု ထပ်လုပ်ပေးခဲ့ပါတယ်။
ပွဲပြီးလို့ အဝတ်လဲခန်းထဲ ဝင်ခါနီး သတင်းထောက်က ဆာကာကို အကောင်းဆုံး ရင်ဆိုင်ခဲ့တယ် မဟုတ်လားလို့ မေးခဲ့ချိန်မှာ မတ်ဒီဆန်က ရယ်မောပြီး ” သူ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတယ် မဟုတ်လား” လို့ လှောင်ပြောင်သွားတာ ဖြစ်ပါတယ်။
