ဂိုးတွေ အတော်လေး များမှာ ဆိုတဲ့ အာဆင်နယ် vs စပါး ပွဲကြို ခရစ်ဆက်တန်ရဲ့ ပွဲရလဒ် ခန့်မှန်းချက်

ဒီတပတ် ပရီးမီးယားလိဂ်ရဲ့ ပွဲကြီးပွဲကောင်းကတော့ အာဆင်နယ် နဲ့ တော့တင်ဟမ် စပါး တို့ အမ်းမရိတ်မှာ ထိပ်တိုက်တွေ့မယ့် မြောက်လန်ဒန် ဒါဘီပွဲ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ တနင်္ဂနွေနေ့ ည ၇ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန် က အာဆင်နယ်နဲ့ စပါးတို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းလားပါတယ်။

” ဒီပွဲမှာ ဂိုးတွေ မြင်ရမှာပါ။ ဂိုးတွေကို များမှာ။ ဒီပွဲက ပျင်းစရာတော့ ဖြစ်မှာ မဟုတ်ဘူး။ စပါးနည်းပြ ပေါ်စတာကိုဂလို က တိုက်စစ်ပြီးရင်း တိုက်စစ် လာပါလိမ့်မယ်။ အာဆင်နယ်က သူတို့ကို ဘယ်လို ကစားလာလာ၊ သူတို့က အဲဒီမှာ ဘတ်စ်ကားကွက်ခင်းပြီး ပိတ် ကစားနေမှာ မဟုတ်ဘူး။

စပါးက အာဆင်နယ်ကို ပြသနာတွေ ပေးနိုင်လိမ့်မယ် လို့ ကျွန်တော် ထင်ထားတယ်။ ဒါပေမယ့် ဂန်းနားတွေကလည်း လုပ်မှာပဲ။ သူတို့က စပါးခံစစ်ကြောင်းကို မွှေနှောက်ပါလိမ့်မယ်။

ဒီပွဲဟာ နွေတည်းက စပါးအသင်းကို ပေါ်စတာကိုဂလို တာဝန်ယူတည်းက စလို့ အခက်ခဲဆုံး ပွဲ ဖြစ်လာမှာပါပဲ။ နောက်ပွဲက လီဗာပူးနဲ့။ ဒီတော့ ဒီပွဲတွေက သူ့အတွက် တကယ့် စမ်းသပ်မှုတွေ ဖြစ်မယ်။

တကယ်လို့သာ သူက အမ်းမရိတ်ကို သွားပြီး အာဆင်နယ်ကို အိမ်ကွင်းမှာ နိုင်တယ် ဆိုရင် ပြောစမှတ် ပြုစရာ ဖြစ်လာမှာပါ။ သူလည်း တကယ် ကြိုးစားလိမ့်မယ်။ ဒါပေမယ့် လုပ်ပြနိုင်ဖို့က ခြေတစ်လှမ်းလောက် လိုနေလိမ့်မယ်။” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။

ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ် ကတော့ အာဆင်နယ် ၃-၂ တော့တင်ဟမ် စပါး ဖြစ်ပါတယ်။။