ဒန်နီရယ် စတားရစ်ဟာ လွန်ခဲ့တဲ့ ၆ နှစ်က လီဗာပူးကနေ ထွက်ခွာလာခဲ့ပြီး သူ မရှိတဲ့နောက် ၁ နှစ်အကြာမှာပဲ ယာဂင်ကလော့ပ်ရဲ့ အသင်းက ပရီးမီးယားလိဂ်ဖလား အောင်မြင်ခဲ့ပါတယ်။
လက်တလော စကိုင်းစပေါ့မှာ သုံးသပ်သူအဖြစ် ပါဝင်ပေးနေတဲ့ စတားရစ်ကို ၂၀၂၀ ပရီးမီးယားလိဂ်ဖလား အောင်မြင်ခဲ့တဲ့ လီဗာပူးအသင်းနဲ့ ရွှေဖလား အောင်မြင်ခဲ့တဲ့ အာဆင်နယ် နှစ်သင်းထဲက တစ်သင်းမှာ ကစားရမယ်ဆိုရင် ဘယ်အသင်းအတွက် ကစားလိုသလဲ မေးခွန်းထုတ်ခဲ့တယ်။
စတားရစ်ကတော့ ” The Invincibles ပေါ့။ အဲ့မှာက ကျနော်ရဲ့ ဟီးရိုး ကစားသမား အချို့ ပါဝင်နေတာပါ။ သီယာရီ၊ ရော်ဘတ် ပီရက်စ်၊ ဘားကမ့်တို့ပေါ့။
လီဗာပူးကနေ ကျနော် ထွက်ပြီးတဲ့နောက် အသင်းက ပရီးမီးယားလိဂ်ဖလား အောင်မြင်ခဲ့တယ်။ ကျနော် အသင်းဖော်တွေနဲ့အတူ ပရီးမီးယားလိဂ်ဖလား အောင်မြင်တဲ့ အတွေ့အကြုံ ရခဲ့မယ်ဆိုရင်လည်း ကောင်းမှာပါ။ ကျနော်က အဲ့မှာ နှစ်အတန်ကြာ ကစားခဲ့တာပါ ” လို့ ဖြေဆိုခဲ့ပါတယ်။
ရွှေဖလား အောင်မြင်ခဲ့တဲ့ အာဆင်နယ်ဟာ အခုချိန်ထိ အင်္ဂလန်မှာ တစ်သင်းတည်းသော ရှုံးပွဲမရှိ ချန်ပီယံဖြစ်တဲ့ အသင်းအဖြစ် မှတ်တမ်းဝင်နေဆဲ ဖြစ်ပါတယ်။
