မက်ဆီကို ကျော်ပြီး ဘလွန်းဒီအောရဖို့ သူ့မှာ အခွင့်အရေးရှိတယ် ပြောလာတဲ့ ဟာလန်း

ဟာလန်းကတော့ သူဟာ ဘလွန်းဒီအောဆုအတွက် အခွင့်အရေး ရှိတယ်လို့ မြင်သလို ဒီနှစ်မှာ တစ်ဦးချင်းဆုအတွက် မက်ဆီကို စိန်ခေါ်နိုင်မယ်လို့ပါ ယုံကြည်ထားပါတယ်။

ဒီနှစ်ရဲ့ အကောင်းဆုံးဆုအတွက် ဆန်ကာတင် ၃၀ စာရင်း ထွက်ပေါ်ထားရာမှာ ဟာလန်းနဲ့ မက်ဆီတို့ကပဲ ဒီဆုအတွက် ရှေ့ပြေးနေတာပါ။ ကမ္ဘာ့ဖလားမှာ ပြင်သစ် အသင်းနဲ့အတူ ဖိုင်နယ်ရောက်ခဲ့တဲ့ အမ်ဘာပေတောင် ရေပန်းစားမှုမှာ သူတို့လောက် မရပါဘူး။

မန်စီးတီးနဲ့အတူ ဖလား ၃ လုံး အောင်မြင်ခဲ့တဲ့ ဟာလန်းက ကိုယ့်ဘာသာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်သမားအဖြစ် မြင်ထားလား ဆိုတဲ့ မေးခွန်းကို

‘ ကျနော် စိတ်ထဲမှာတော့ တိုက်စစ်သမားအဖြစ် ကျနော်တို့ စိတ်ထဲမှာ ဘယ်လို တွေးကြသလဲ အပေါ်မှာပဲ မူတည်ပါတယ်။ ကျနော်က ဒီစာရင်းမှာ ပါမှာပါ။ ကျနော် အကောင်းဆုံးလား? ဆိုရင် ဟုတ်ရင် ဟုတ်မှာပေါ့ ‘ လို့ ဖြေခဲ့ပါတယ်။

နော်ဝေသားဟာ တစ်ဦးချင်းဆုမှာ ကမ္ဘာ့ဖလား ချန်ပီယံ မက်ဆီနဲ့ ယှဉ်ပြိုင်ရမှာပါ။ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံးသော ပြိုင်ပွဲအဖြစ် အားလုံး လက်ခံထားတဲ့ ကမ္ဘာ့ဖလား အောင်နိုင်သူကြီးဟာ ဒီဆုကို ၈ ကြိမ်မြောက် အောင်မြင်မယ်လို့ မှန်းဆခံထားရတယ်။

ဟာလန်းကပဲ ‘ ကျနော် အများကြီး တိုးတက်လာနိုင်ဆဲဆိုတာ သိပါတယ်။ ကျနော်က ငယ်ပါသေးတယ်။ ဒါပေမယ့် ဒီနှစ်မှာ ဘလွန်းဒီအောဆုအတွက် ကျနော်မှာ အခွင့်အရေးရှိတယ်လို့ ယုံကြည်ပါတယ် ‘ လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။