ကမ္ဘာပေါ်က ပြိုင်ဘက်တိုင်းကို ရင်ဆိုင် အနိုင်ယူနိုင်တဲ့ အာဆင်နယ် စတား နှစ်ဦး ထုတ်ဖော် ချီးကျူးခံရ

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူဟောင်း အိုဝင် ဟားဂရေ့ဗ်က ဆာကာနဲ့ မာတင်နယ်လီတို့ဟာ ပြိုင်ဘက်ကင်း ကစားသမားတွေ ဖြစ်ကြတယ်လို့ ချီးကျူးလိုက်ပါတယ်။

တနင်္ဂနွေနေ့က အာဆင်နယ် ၃-၁ မန်ယူနိုက်တက် ပွဲစဉ်မှာ အာဆင်နယ် တိုက်စစ်သမားတွေဟာ ယူနိုက်တက် ခံစစ်ကို အတော်လေး ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဟားဂရေ့ဗ်ကတော့ ဂန်းနားတိုက်စစ်သမားတွေဟာ ကမ္ဘာပေါ်က ဘယ်လို ပြိုင်ဘက်ကို မဆို အနိုင်ယူနိုင်စွမ်း ရှိတယ်လို့ ထင်မြင်နေတယ်။

ဟာဂရေ့ဗ်က “ အာဆင်နယ် တောင်ပံသမား နှစ်ဦးကို ကြည့်လေ (မန်ချက်စတာ ယူနိုက်တက် တောင်ပံလူတွေနဲ့ ယှဉ်ပြပြီး) ဆာကာနဲ့ မာတင်နယ်လီတို့ ရှိနေတာပါ။ သူတို့ နှစ်ဦးလုံးဟာ တစ်ဦးချင်းမှာ ကမ္ဘာပေါ်က ဘယ်ကစားသမားကို မဆို အနိုင်ယူနိုင်စွမ်း ရှိပါတယ်။

ယူနိုက်တက်မှာ တောင်ပံသမားတွေရှိပေမယ့် တစ်ဦးချင်းမှာ ဆာကာတို့လို မကောင်းပါဘူး။ ဆာကာတို့က အတွင်းထဲကို ဝင်ကစားနိုင်တယ်။ သူတို့ နှစ်ဦးကို ကြည့်ပြီး ဒီကောင်လေးတွေက တကယ့် စိန်ပွင့်လေးတွေပဲလို့ ထင်မိပါတယ် ” ဆိုပြီး ချီးကျူးခဲ့တာပါ။

အသက် ၂၂ နှစ်အရွယ်ပဲ ရှိကြသေးတဲ့ တိုက်စစ်သမား နှစ်ဦးဟာ ဘရာဇီးနဲ့ အင်္ဂလန်အသင်းတွေမှာလည်း အဓိက ကစားသမားတွေ ဖြစ်လာဖို့ ရှိနေတာပဲ ဖြစ်ပါတယ်။