ပရီးမီးယားလိဂ်ရဲ့ ပေါင် သန်း ၁၅၀ တန် ကြယ်ပွင့်ကို ချိန်ရွယ်နေပြီး ထူးထူးဆန်းဆန်းတွေ လုပ်ပြမယ့် မန်စီးတီး

မန်စီးတီးဟာ ပရီးမီးယားလိဂ် ပြိုင်ဘက်ကလပ်တွေကို ကျော်ဖြတ်ပြီး ဘရိုက်တန် ကြယ်ပွင့် ဖာဂူဆန်ကို ခေါ်ယူဖို့ ရည်မှန်းချက်ထားကာ ကလပ်ရဲ့ ပစ်မှတ်စာရင်းထဲ ထည့်သွင်းထားပြီ ဖြစ်ပါတယ်။

အိုင်ယာလန် တိုက်စစ်သမားလေးဟာ ဒီရာသီ ဘရိုက်တန်နဲ့ တောက်ပလာနေပြီး သူ့ရဲ့ အလားအလာတွေကြောင့် အင်္ဂလန် ကြီး ၆ ကြီး ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်လာမှာပါ။ မနှစ်ကရာသီ ၂၄ ပွဲအတွင်း ၁၀ ဂိုး သွင်းထားတဲ့ ဖာဂူဆန်ဟာ ဘရိုက်တန်နဲ့ ကာလရှည် စာချုပ်ရှိထားသူ ဖြစ်ပါတယ်။

အသက် ၁၈ နှစ်ပဲ ရှိသေးတဲ့ ဖာဂူဆန်ဟာ ဒီရာသီ ၄ ပွဲကစား ၄ ဂိုး သွင်းယူထားသူပါ။ သူဟာ အနာဂတ်မှာ homegrown ကစားသမား စာရင်း ပေါက်လာမယ့်သူ ဖြစ်ပါတယ်။ ဘရိုက်တန်က ဖာဂူဆန်ကို လက်တလော ရောင်းထုတ်မှာ မဟုတ်ပေမယ့် အနာဂတ်မှာ ပရီးမီးယားလိဂ် စံချိန်တင်ကြေးနဲ့ ရောင်းချနိုင်ပါတယ်။

ဟယ်ရီကိန်းနဲ့ ကစားပေါက် ဆင်တူတယ်လို့ နာမည်ရနေတဲ့ ဖာဂူဆန်အတွက် လာမယ့် တစ်နှစ်၊ နှစ်နှစ်အတွင်း ဘရိုက်တန်ဘက်က ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၅၀ လောက် တောင်းဆိုလာခဲ့မယ်ဆိုရင် အံ့ဩစရာ မဟုတ်ပါဘူး။

တိုက်စစ်မှာ ဟာလန်း ရှိနေပေမယ့် မန်စီးတီးဟာ လာမယ့် ၂ နှစ်အတွင်း ဖာဂူဆန်ကို ခေါ်ယူဖို့ ကြိုးစားမှာဖြစ်ပါတယ်။ ဒါဟာ တိုက်စစ်မှာ ဟာလန်းနဲ့ တွဲဘက်ပေးဖို့ ဖြစ်မလား နော်ဝေသားနေရာ အစားထိုးမှု ဖြစ်လာမလားကတော့ လာမယ့် စျေးကွက်တွေမှာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။