ချန်ပီယံလိဂ် အုပ်စုအဆင့် မဲခွဲမှုတွေအပြီး ဘွန်ကီတွေကြားမှာ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်မယ် ရေပန်းစားတဲ့ ကလပ် ၁၆ သင်း ပေါ်ထွက်လာခဲ့ပါတယ်။ ၎င်းကလပ်တွေကို ဖော်ပြသွားမှာပါ။
Group A – Bayern, Man United, Copenhagen, Galatasaray.
အုပ်စု A မှာ နောက်တစ်ဆင့် တက်ဖို့ ရေးပန်းစားတာက ဘိုင်ယန်မြူးနစ်နဲ့ မန်ယူနိုက်တက်တို့ ဖြစ်ပါတယ်။ ဂါလာတာစရေးက တတိယနေရာနဲ့ ယူရိုပါလိဂ် ရောက်မယ်လို့ ထင်ကြေးပေးခံရပြီး ကိုပင်ဟေဂင်ကတော့ အုပ်စုအဆင့်ကနေ ထွက်ခွာမယ် တွက်ဆခံရပါတယ်။
Group B – Sevilla, Arsenal, PSV, RC Lens.
အာဆင်နယ်ကို အုပ်စုဗိုလ်အဖြစ် ရွေးချယ်ကြမှုများပြီး ဆီးဗီးလာလည်း နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာပါ။ တတိယနေရာကနေ ယူရိုပါလိဂ် ဆင်းကန်ရမယ်လို့ အကဲဖြတ်ခံနေရတာက ပီအက်စ်ဗီဖြစ်ကာ လန်စ့်ကတော့ အုပ်စုအဆင့်နဲ့ ကျေနပ်ရပါလိမ့်မယ်။
Group C – Napoli, Real Madrid, Braga, Union Berlin.
နာပိုလီကို အုပ်စုဗိုလ်၊ ရီးရဲလ်မက်ဒရစ်ကို အုပ်စုဒုတိယအဖြစ် အမှတ်ပေးမှုတွေ များနေပါတယ်။ ယူနီယံ ဘာလင်က ယူရိုပါလိဂ်ဝင်ခွင့်ရကာ ဘရာဂါကတော့ အုပ်စုအဆင့်ဖြင့် ကျေနပ်ရပါမယ်။
Group D – Benfica, Inter, Salzburg, Real Sociedad.
အင်တာမီလန်ဟာ ဒီအုပ်စုကို ကျော်ဖြတ်နိုင်မယ် ရေပန်းစားပြီး ဒုတိယနေရာမှာ ဘင်ဖီကာဖြစ်ပါတယ်။ ဆိုစီဒက်က အုပ်စု တတိယဖြင့် ယူရိုပါလိဂ် ဆင်းကစားရကာ ဆဲလ်ဘတ်တို့ကတော့ စတုတ္ထနေရာကနေ ပြိုင်ပွဲက ထွက်ခွာရပါမယ်။
Group E – Feyenoord, Atlético, Lazio, Celtic.
အက်သလက်တီကို မက်ဒရစ်ကို အုပ်စုဗိုလ်၊ လာဇီယိုကို အုပ်စု ဒုတိယ၊ ဆဲလ်တစ်ကို တတိယနေရာကနေ ယူရိုပါလိဂ်နဲ့ ဖီယင်နုက နောက်ဆုံး အဆင့်ပဲ ရလိမ့်မယ်လို့ မှန်းဆခံရပါတယ်။
Group F – PSG, Dortmund, AC Milan, Newcastle.
အံ့ဩသင့်စရာအဖြစ် အေစီမီလန်ကို အုပ်စုဗိုလ်နေရာ ထားမှု များပြားပါတယ်။ ဒုတိယနေရာမှာ ပီအက်စ်ဂျီဖြစ်ကာ နယူးကာဆယ်က အုပ်စု တတိယဖြင့် ယူရိုပါလိဂ်ထံ ဆင်းကစားရပြီး ဒေါ့မွန်ကတော့ အုပ်စုအဆင့်နဲ့ ကျေနပ်ရမှာပါ။
Group G – Man City, Leipzig, Crvena zvezda, Young Boys.
မန်စီးတီး၊ လိုက်ဇစ်တို့ နောက်တစ်ဆင့် တက်ဖို့ ရေးပန်းစားပါတယ်။ ဆားဘီးယားကလပ် ရတ်စတားက တတိယနေရာနဲ့ ယူရိုပါလိဂ် ရောက်မယ်လို့ ရေပန်းစားပြီး ယန်းဘွိုင်းကတော့ အုပ်စုအဆင့်ကနေ ထွက်ခွာမယ် တွက်ဆခံရပါတယ်။
Group H – Barcelona, Porto, Donetsk, Antwerp.
ပေါ်တိုကို အုပ်စုဗိုလ်အဖြစ် ရွေးချယ်ကြမှုများပြီး ဘာစီလိုနာလည်း နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာပါ။ တတိယနေရာကနေ ယူရိုပါလိဂ် ဆင်းကန်ရမယ်လို့ အကဲဖြတ်ခံနေရတာက ရှက်တာဖြစ်ကာ Antwerp ကတော့ အုပ်စုအဆင့်နဲ့ ကျေနပ်ရပါလိမ့်မယ်။