BREAKING: နယူးကာဆယ် အုပ်စုကြပ်ပြီး မန်စီးတီး၊ အာဆင်နယ်၊ ယူနိုက်တက်တို့ ကျော်ဖြတ်နိုင်ဖွယ်ရှိတဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် မဲခွဲမှုရလဒ်များ ထွက်လာပါပြီ

၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့် မဲခွဲမှု ပြီးမြောက်ခဲ့ပြီဖြစ်ကာ ဘောလုံးပရိသတ်တွေ စိတ်လှုပ်ရှားရမယ့် အုပ်စုတွေ ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ်တွေအဖြစ် မန်စီးတီး၊ အာဆင်နယ်၊ မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ် ယူနိုက်တက်တို့ဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပါဝင် ယှဉ်ပြိုင်ခွင့်ရတာ ဖြစ်ပါတယ်။

လက်ရှိ ချန်ပီယံ မန်စီးတီးဟာ အုပ်စုကြပ်ကို ရှောင်လွဲနိုင်ခဲ့ပြီး ဘွန်ဒက်လီဂါကလပ် လိုက်ဇစ်၊ ဆားဘီးယားကလပ် Crvena zvezda နဲ့ ဆွစ်ဇလန်ကလပ် ယန်းဘွိုင်းတို့ဖြစ်ပါတယ်။

အာဆင်နယ်ကတော့ ယူရိုပါလိဂ် ချန်ပီယံ ဆီးဗီးလာ၊ နယ်သာလန်ကလပ် ပီအက်စ်ဗီ၊ ပြင်သစ်ကလပ် လန်စ့်တို့ဖြင့် အတွဲကျခဲ့ကာ အုပ်စုအဆင့်ကို အေးဆေးကျော်နိုင်မယ့် အနေအထားဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဘွန်ဒက်လီဂါ ချန်ပီယံ ဘိုင်ယန်မြူးနစ်ဖြင့် အတွဲကျတာက ခက်ခဲပေမယ့် ဒိန်းမတ်ကလပ် ကိုပင်ဟေဂင်နဲ့ တူရကီကလပ် ဂါလာတာစရေးတို့ကို ကျော်ဖြတ်နိုင်ဖို့ရာ တောင့်တင်းမှု ရှိပါတယ်။

နယူးကာဆယ်ကတော့ အင်္ဂလန်အသင်းတွေထဲ အုပ်စု အကြပ်ဆုံးအဖြစ် လီဂူးဝမ်းကလပ် ပီအက်စ်ဂျီ၊ ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်နဲ့ စီးရီးအေကလပ် အေစီမီလန်တို့ဖြင့် အတွဲကျနေပါတယ်။

Group A – Bayern, Man United, Copenhagen, Galatasaray.
Group B – Sevilla, Arsenal, PSV, RC Lens.
Group C – Napoli, Real Madrid, Braga, Union Berlin.
Group D – Benfica, Inter, Salzburg, Real Sociedad.
Group E – Feyenoord, Atlético, Lazio, Celtic.
Group F – PSG, Dortmund, AC Milan, Newcastle.
Group G – Man City, Leipzig, Crvena zvezda, Young Boys.
Group H – Barcelona, Porto, Donetsk, Antwerp.

ချန်ပီယံလိဂ် အုပ်စုအဆင့် အဖွင့်ပွဲကိုတော့ နောက်လ စက်တင်ဘာလ ၁၉ ရက်နေ့မှာ စတင် ယှဉ်ပြိုင်ပါမယ်။ အုပ်စုအဆင့် နောက်ဆုံးပွဲကိုတော့ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ယှဉ်ပြိုင်ကစားဖို့ ရှိပါတယ်။

ချန်ပီယံလိဂ် ဖိုင်နယ်ကိုတော့ အင်္ဂလန်၊ လန်ဒန်မြို့က ဝင်ဘာလေကွင်းမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။