ချန်ပီယံလိဂ် မဲခွဲမယ့် အချိန်၊ အုပ်စုပွဲ စတင်မယ့်ရက်၊ ရေပန်းစားအသင်းများနဲ့ သိကောင်းစရာများ

၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲတွေ စတင်လာဖို့ နီးစပ်နေပြီဖြစ်ကာ အုပ်စုအဆင့် မဲခွဲမှုက မကြာခင် စတင်သွားတော့မှာ ဖြစ်ပါတယ်။

မနှစ်ကရာသီ ဖလား ၃ လုံး ချန်ပီယံ မန်စီးတီးဟာ လက်ရှိ ချန်ပီယံဖြစ်ပြီး ချန်ပီယံဆုကို ကာကွယ်သွားမှာပါ။ မနှစ်က စီးရီးအေကလပ် အင်တာမီလန်ဟာ ပြိုင်ဘက်ဖြစ်ခဲ့ကာ ဖိုင်နယ်မှာ ၁-၀ ဖြင့် မန်စီးတီးကို အရေးနိမ့်ခဲ့ပါတယ်။

ချန်ပီယံလိဂ် အုပ်စုအဆင့် မဲခွဲမှု ပြုလုပ်မယ့် အချိန်

မနက်ဖြန်ည မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲမှာတော့ ချန်ပီယံလိဂ် အုပ်စုအဆင့်အတွက် မဲခွဲမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အုပ်စုပွဲတွေကို ဘယ်အချိန် စတင်ယှဉ်ပြိုင်မလဲ

နောက်လ စက်တင်ဘာလ ၁၉ ရက်နေ့မှာ အုပ်စုအဆင့် ပွဲစဉ်တွေ စတင် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အုပ်စုပွဲစဉ် ၆ ပွဲကိုတော့ စက်တင်ဘာလ ၁၉-၂၀ ရက်၊ အောက်တိုဘာလ ၃-၄ ရက်၊ အောက်တိုဘာလ ၂၄-၂၅ ရက်၊ နိုဝင်ဘာလ ၇-၈ ရက်၊ နိုဝင်ဘာလ ၂၈-၂၉ ရက်နဲ့ ဒီဇင်ဘာလ ၁၂-၁၃ ရက်တွေမှာ ယှဉ်ပြိုင်ပါမယ်။

ချန်ပီယံလိဂ် ခြေစစ်ပွဲတွေ ပြီးပြီလား

ဒီကနေ့ည နောက်ဆုံးထားပြီး ခြေစစ်ပွဲတွေ အပြီးသတ်မှာဖြစ်ပါတယ်။ ဘရာဂါ၊ ဂါလာတာစရေး၊ ကိုပင်ဟေဂင်၊ ပီအက်စ်ဗီ၊ အေသင်၊ ယန်းဘွိုင်းအသင်းတွေ ချန်ပီယံလိဂ် အုပ်စုအဆင့်ထံ ဝင်ရောက်လာနိုင်ပါတယ်။

ချန်ပီယံလိဂ် ဖိုင်နယ်ကို ဘယ်မှာ ယှဉ်ပြိုင်မလဲ

အင်္ဂလန်၊ လန်ဒန်မြို့က ဝင်ဘာလေကွင်းမှာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် ဝင်ခွင့်ရ ပရီးမီးယားလိဂ် ကလပ်များ

မန်စီးတီး၊ အာဆင်နယ်၊ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့ ဖြစ်ကြပါတယ်။

ချန်ပီယံလိဂ် အနိုင်ရဖို့ရာ ရေပန်းစား အသင်းများ

မန်စီးတီး၊ ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ပီအက်စ်ဂျီ၊ အာဆင်နယ်၊ မန်ချက်စတာ ယူနိုက်တက်တို့ ဖြစ်ကြပါတယ်။