NEWS: ဝုဗ်ကို ပင်နယ်တီပေးဖို့ ပျက်ကွက်ခဲ့တဲ့ ဒိုင်လူကြီးတွေနဲ့ VAR ဒိုင်အား အရေးယူပြီ

မနက်က ယှဉ်ပြိုင်ကစားတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ဝုဗ်အသင်း ပွဲစဉ်မှာ ဧည်သည်အသင်းကို ပင်နယ်တီပေးဖို့ ပျက်ကွယ်ခဲ့တဲ့ ပွဲနေ့ ဒိုင်တွေကို အရေးယူမှု ပြုလုပ်လိုက်ပြီ ဖြစ်ပါတယ်။

နာကျင်အချိန်ပိုမှာ ခေါင်းတိုက်ဖို့ ကြိုးစားခဲ့တဲ့ တိုက်စစ်သမား ကာလိုင်ဂျစ်ချ်ကို ယူနိုက်တက် ဂိုးသမား အိုနာနာက ဖောင်းလုပ်ခဲ့တာကြောင့် ပင်နယ်တီ တောင်းဆိုခံခဲ့ရပါတယ်။ ကွင်းလယ်ဒိုင် ဟူပါနဲ့ VAR ဒိုင်အကြီးအကဲတို့က ပင်နယ်တီ မပေးဖို့ ဆုံးဖြတ်ခဲ့သလို ဝုဗ်နည်းပြကိုလည်း အဝါကဒ် ပြသခံခဲ့ရပါသေးတယ်။

အဆိုပါဖြစ်ရပ်အတွက် ဒိုင်လူကြီးချုပ်ဖြစ်တဲ့ ဟောင်းဝတ်ဝပ်က လူသိထင်ရှား တောင်းပန်မှု ပြုလုပ်ခဲ့ပြီး အိုးထရတ်ဖိုဒ့် ဖြစ်ရပ်မှာ ပါဝင်ခဲ့တဲ့ ပွဲနေ့ ကွင်းလယ် ဒိုင်လူကြီး၊ VAR ဒိုင်နဲ့ VAR လက်ထောက်ဒိုင်တွေပါ ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေ ကိုင်တွယ်ခြင်း မပြုစေဘဲ အနားပေးတဲ့ ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။

https://youtube.com/shorts/Pbgrd57salw?feature=share

ပွဲအပြီးမှာပဲ ဟောင်ဝတ်ဝပ်က ဝုဗ်အသင်း တာဝန်ရှိသူတွေကို ဆက်သွယ်ပြီး စကားပြောမှု လုပ်ခဲ့ပါတယ်။

VAR ဒိုင်တွေက ဖြစ်ရပ်ကို စစ်ဆေးခဲ့ပေမယ့် လုံလောက်တဲ့ထိ မစစ်ခဲ့သလို ကွင်းလယ်ဒိုင်ကိုလည်း ကွင်းဘေး မော်နီတာမှာ လာကြည့်ရေး တိုက်တွန်းဖို့ ပျက်ကွယ်ခဲ့တာ ဖြစ်ပါတယ်။ ဒိုင်တွေဘက်ကတော့ ဖြစ်ရပ်ဟာ သိသာထင်ရှားခြင်း မရှိဘူးလို့ ယုံကြည်ခဲ့တာလို့ သိရတယ်။

ဟောင်းဝတ်ဝပ်ဟာ ပရီးမီးယားလိဂ် အတော်လေး ဝေဖန်ခံနေရတဲ့ ဒိုင်တွေရဲ့ တည်ငြိမ်မှု မရှိခြင်းတွေကို အထူးအလေးပေး ကိုင်တွယ်လိုနေပြီး ဒိုင်တွေဟာ သူတို့ရဲ့ ဆုံးဖြတ်ချက် အမှားအပေါ် တာဝန်ခံရမှာဖြစ်ကြောင်း အသိပေးခဲ့ပါတယ်။