ေနမာ ၁၀ ပတ္ခန္႔ အနားယူရမွာျဖစ္ျပီး ယူႏုိက္တက္နဲ႔ ခ်န္ပီယံလိဂ္ပြဲေတြကို လြဲေခ်ာ္

[Zawgyi] ပီအက္ဂ်ီအသင္းဟာ အသင္းရဲ႕ အဓိက တုိက္စစ္မွဴး ေနမာ ဒီလထဲမွာ ရရွိသြားတဲ့ ဒဏ္ရာေၾကာင့္ 10 ပတ္အထိ အနားယူရပါမယ္ဆိုတာကို အတည္ျပဳသတင္း ထုတ္ျပန္သြားခဲ့ပါျပီ။ မႏွစ္ကေဘာလံုးရာသီမွာ ရရွိခဲ့တဲ့ ဒဏ္ရာနဲ႔ တူညီတဲ့ေနရာမွာပဲ ထပ္မံဒဏ္ရာရခဲ့တာျဖစ္ျပီး ဧပရယ္လ ေနာက္ပိုင္းအထိ ျပန္လည္ပါဝင္ႏိုင္ျခင္း မရွိေတာ့ပါဘူး။

ဒါေၾကာင့္ ေနမာဟာ ယူႏုိက္တက္နဲ႔ ပီအက္ဂ်ီတို႔ ယွဥ္ျပိဳင္ကစားမယ့္ ခ်န္ပီယံလိဂ္ပြဲ ႏွစ္ေက်ာ့လံုးကို လြဲေခ်ာ္သြားမွာျဖစ္ပါတယ္။ ေဖေဖာ္ဝါရီလ 12 ရက္ေန႔မွာ ပထမအေက်ာ့ကို အိုထရတ္ဖိုဒ့္မွာ ကစားမွာျဖစ္ျပီး မတ္လ 6 ရက္ေန႔မွာေတာ့ ဒုတိယအေက်ာ့ကို ျပင္သစ္ေျမမွာ ကစားသြားရမွာျဖစ္ပါတယ္။

မန္ေနဂ်ာတူခ်ယ္အတြက္ တိုက္စစ္ပိုင္းမွာ ေျခစြမ္းျပေနတဲ့ ေနမာ ဒဏ္ရာရခဲ့တာက ထိုးႏွက္မႈၾကီး ျဖစ္လာပါတယ္။ ေနမာဟာ တစ္ပြဲကို ပွ်မ္းမွ် တစ္ဂိုးႏႈန္းေလာက္ သြင္းယူႏိုင္စြမ္းရွိသူျဖစ္ျပီး ဒီရာသီ ပြဲထြက္စာရင္းက ပါဝင္မႈ 13 ၾကိမ္မွာ သြင္းဂိုး 13 ဂိုး ရထားပါတယ္။ ဒါေပမယ့္လို႔ အမ္ဘတ္ပီနဲ႔ ကာဗာနီတုိ႔ဟာ သြင္းဂိုး 18 ဂိုးနဲ႔ 16 ဂိုးစီ သြင္းယူထားႏုိင္ၾကသူေတြျဖစ္တယ္။

ေနမာ မပါဝင္ေပမယ့္ အသင္းေဖာ္ေတြျဖစ္တဲ့ ဒရိုက္စလာနဲ႔ ဒီမာရီယာတို႔ကေတာ့ ပါဝင္ကစားႏုိင္ဦးမွာ ျဖစ္ပါတယ္။ သူတို႔ဟာ အမ္ဘတ္ပီ၊ ကာဗာနီနဲ႔ တြဲဘက္ျပီး ပီအက္ဂ်ီရဲ႕ တိုက္စစ္တစ္ဘက္ကို တာဝန္ယူကာ ပြဲထြက္လာမွာျဖစ္တယ္။

ယူႏုိက္တက္ရဲ႕ ယာယီမန္ေနဂ်ာဆိုးရွားဟာ ပထမဆံုးအၾကိမ္အျဖစ္ ခ်န္ပီယံလိဂ္ ရံွဴးထြက္အဆင့္ပြဲကို ကိုင္တြယ္ရမွာျဖစ္ျပီး ပီအက္ဂ်ီကို ရင္ဆိုင္ဖုိ႔ ယံုၾကည္ခ်က္ေတြ ရွိေနပါတယ္။ အဲ့သည္ပြဲ မတိုင္ခင္မွာ သူဟာ လက္စတာနဲ႔ ဖူလ္ဟမ္တို႔ကို ယွဥ္ျပိဳင္ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲေတြကို အရင္ဆံုး ေက်ာ္ျဖတ္ရမွာ ျဖစ္ပါတယ္။

Sports Home Time

[Unicode] ပီအက်ဂျီအသင်းဟာ အသင်းရဲ့ အဓိက တိုက်စစ်မှူး နေမာ ဒီလထဲမှာ ရရှိသွားတဲ့ ဒဏ်ရာကြောင့် 10 ပတ်အထိ အနားယူရပါမယ်ဆိုတာကို အတည်ပြုသတင်း ထုတ်ပြန်သွားခဲ့ပါပြီ။ မနှစ်ကဘောလုံးရာသီမှာ ရရှိခဲ့တဲ့ ဒဏ်ရာနဲ့ တူညီတဲ့နေရာမှာပဲ ထပ်မံဒဏ်ရာရခဲ့တာဖြစ်ပြီး ဧပရယ်လ နောက်ပိုင်းအထိ ပြန်လည်ပါဝင်နိုင်ခြင်း မရှိတော့ပါဘူး။

ဒါကြောင့် နေမာဟာ ယူနိုက်တက်နဲ့ ပီအက်ဂျီတို့ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ်ပွဲ နှစ်ကျော့လုံးကို လွဲချော်သွားမှာဖြစ်ပါတယ်။ ဖေဖော်ဝါရီလ 12 ရက်နေ့မှာ ပထမအကျော့ကို အိုထရတ်ဖိုဒ့်မှာ ကစားမှာဖြစ်ပြီး မတ်လ 6 ရက်နေ့မှာတော့ ဒုတိယအကျော့ကို ပြင်သစ်မြေမှာ ကစားသွားရမှာဖြစ်ပါတယ်။

မန်နေဂျာတူချယ်အတွက် တိုက်စစ်ပိုင်းမှာ ခြေစွမ်းပြနေတဲ့ နေမာ ဒဏ်ရာရခဲ့တာက ထိုးနှက်မှုကြီး ဖြစ်လာပါတယ်။ နေမာဟာ တစ်ပွဲကို ပျှမ်းမျှ တစ်ဂိုးနှုန်းလောက် သွင်းယူနိုင်စွမ်းရှိသူဖြစ်ပြီး ဒီရာသီ ပွဲထွက်စာရင်းက ပါဝင်မှု 13 ကြိမ်မှာ သွင်းဂိုး 13 ဂိုး ရထားပါတယ်။ ဒါပေမယ့်လို့ အမ်ဘတ်ပီနဲ့ ကာဗာနီတို့ဟာ သွင်းဂိုး 18 ဂိုးနဲ့ 16 ဂိုးစီ သွင်းယူထားနိုင်ကြသူတွေဖြစ်တယ်။

နေမာ မပါဝင်ပေမယ့် အသင်းဖော်တွေဖြစ်တဲ့ ဒရိုက်စလာနဲ့ ဒီမာရီယာတို့ကတော့ ပါဝင်ကစားနိုင်ဦးမှာ ဖြစ်ပါတယ်။ သူတို့ဟာ အမ်ဘတ်ပီ၊ ကာဗာနီနဲ့ တွဲဘက်ပြီး ပီအက်ဂျီရဲ့ တိုက်စစ်တစ်ဘက်ကို တာဝန်ယူကာ ပွဲထွက်လာမှာဖြစ်တယ်။

ယူနိုက်တက်ရဲ့ ယာယီမန်နေဂျာဆိုးရှားဟာ ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ် ရံှူးထွက်အဆင့်ပွဲကို ကိုင်တွယ်ရမှာဖြစ်ပြီး ပီအက်ဂျီကို ရင်ဆိုင်ဖို့ ယုံကြည်ချက်တွေ ရှိနေပါတယ်။ အဲ့သည်ပွဲ မတိုင်ခင်မှာ သူဟာ လက်စတာနဲ့ ဖူလ်ဟမ်တို့ကို ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲတွေကို အရင်ဆုံး ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။

Sports Home Time