ချယ်ဆီးနဲ့ လီဗာပူး အပြိုင်လုနေတဲ့ ကိုင်ဆီဒို အခြေအနေ ဘာဖြစ်နေပြီလဲ

ဒီမနက်မှာ လီဗာပူးအသင်းက ကိုင်ဆီဒိုကို ပြောင်းရွှေ့ကြေး ပေါင် ၁၁၀ သန်းဖြင့် ခေါ်ယူဖို့ သဘောတူညီခဲ့ပေမယ့် အပြောင်းအရွှေ့ ပျက်ပြယ်မယ့် အနေအထား ပေါ်ပေါက်လာပါပြီ။

လီဗာပူးအသင်းဟာ ကိုင်ဆီဒိုအတွက် ဘရိုက်တန်နဲ့ သဘောတူညီမှုရပေမယ့် ကစားသမားဘက်နဲ့ အပြီးမသတ်ရသေးပါဘူး။ ချယ်ဆီးကတော့ ကိုင်ဆီဒိုအတွက် ပေါင် သန်း ၁၀၀ ဖြင့် ကမ်းလှမ်းပေမယ့် ကစားသမားဘက်ခြမ်းနဲ့ လွန်ခဲ့တဲ့ လတွေထဲက သဘောတူမှု ရထားခဲ့တာပါ။

ကိုင်ဆီဒိုဟာ ချယ်ဆီးရဲ့ စီနီယာ ကစားသမားတွေဖြင့်ပါ ဆက်သွယ်မှုတွေ ရှိထားခဲ့ပြီး ဒီမနက်မှာ ဘရိုက်တန်နဲ့ လီဗာပူးကြား သဘောတူညီမှုရသွားတာက သူ့ကို ခက်ခဲစေခဲ့ပါတယ်။

ဒီမနက်မှာ ကစားသမားနဲ့ ကိုယ်စားလှယ်တွေဟာ လီဗာပူးကို ထွက်ခွာရမှာဖြစ်ပေမယ့် လီဗာပူးကို ပြောင်းရေးကို ပြန်စဉ်းစားလိုတယ်ဆိုကာ လန်ဒန်မှာပဲ ဆက်ရှိနေပါတယ်။ ကစားသမားဘက်က ချယ်ဆီးအသင်းထံ ပြောင်းလာဖို့ စိတ်ရှိနေသေးတဲ့နောက် တော့ဘိုးလီတို့ဘက်ကလည်း ကမ်းလှမ်းမှုသစ် ဝင်ဖို့ ပြင်ဆင်လာပါတယ်။

ဘရိုက်တန်ဟာ လီဗာပူး ကမ်းလှမ်းခဲ့တဲ့ ပေါင် ၁၁၀ သန်းထက် ပိုရမယ်ဆိုရင် ကိုင်ဆီဒိုအတွက် ကမ်းလှမ်းမှုအသစ်ကို လက်ခံပေးဖို့ အဆင်သင့် ဖြစ်နေခဲ့ပါတယ်။

ကစားသမားဘက်က ချယ်ဆီးကို ပိုမို အလေးသာနေတာကြောင့် ပိုမြင့်မားတဲ့ ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်းမယ်ဆိုရင် လီဗာပူးတို့ ထပ်မလိုက်တော့ဘူးလို့ နားလည်ရပြီး ဒီကနေ့ညမှာပဲ ကိုင်ဆီဒိုကိစ္စ သတင်းသစ်တွေ ထပ်မံ ပေါ်ထွက်လာနိုင်ဆဲ ဖြစ်ပါတယ်။