ဘယ်အစွန်လူ တီရာနေးက အာဆင်နယ်အသင်း ကစားသမားဘဝကို လက်လျော့သေးခြင်း မရှိဘဲ မြောက်လန်ဒန်မှာ ပျော်ရွှင်နေဆဲ ဖြစ်ပါတယ်။
အသက် ၂၆ နှစ်အရွယ် ဘယ်အစွန်လူဟာ ၂၀၁၉ မှာ ဆဲလ်တစ်ကနေ ပြောင်းလာပြီးနောက် အဓိက ကစားသမားဖြစ်ခဲ့ပေမယ့် မနှစ်ကရာသီ ဇင်ချန်ကို ရောက်လာတာကြောင့် ပုံမှန်ပွဲကစားခွင့် လက်လွတ်ခဲ့ရပါတယ်။
မနှစ်ကရာသီ ပြိုင်ပွဲစုံ ၃၆ ပွဲထိ ကစားထားတဲ့ တီရာနေကို နယူးကာဆယ်နဲ့ မန်စီးတီးတို့အပြင် ဆဲတစ်အသင်းက အလိုရှိနေတာပါ။ အာဆင်နယ်ဘက်က ပေါင် သန်း ၃၀ လောက်အလိုရှိနေပေမယ့် အခုချိန်ထိတော့ အပြောင်းအရွှေ့ သတင်းတွေ မကြားရပါဘူး။
တီရာနေးက “ အနာဂတ်က ကျနော်အပေါ်မှာ မူတည်နေတာ မဟုတ်ပါဘူး။ ကျနော် ပျော်နေပါတယ်။ နေ့တိုင်း၊ မိနစ်တိုင်းမှာ ကျနော် အားထုတ်နေပါတယ်။ လုပ်နိုင်သလောက် အကောင်းဆုံး ကြိုးစားနေပါတယ်။ နည်းပြနဲ့ အနာဂတ်အကြောင်း စကားပြောဆိုခဲ့ခြင်း မရှိပါဘူး။
ဘောလုံးရာသီတိုင်း၊ နှစ်တိုင်း၊ ပွဲတိုင်းတော့ ကျနော် ကစားရမှာ မဟုတ်ပါဘူး။ အဲ့လို မမျှော်လင့်ထားပါပြီ။ မနှစ်ကရာသီမှာ ပွဲတွေ အများကြီး ကစားနေရဆဲပါ။ ကစားခွင့်ရတဲ့ ပွဲတိုင်း အကောင်းဆုံး ကစားသလို လူစားဝင်ခွင့်ရချိန်မှာလည်း အသင်းကို ကူညီပေးဖို့ ကြိုးစားပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။
