အငှားပြန်ချမယ့် ကစားသမားကို ချယ်ဆီးတို့ ယူရို သန်း ၃၀ ဖြင့် ဝယ်ယူမည်

ချယ်ဆီးအသင်းဟာ လီဂူးဝမ်း တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူဖို့ ကြိုးစားနေပြီး အောင်မြင်ခဲ့မယ်ဆိုရင် စတာ့ဘော့ဂ် အသင်းထံ အငှားပြန်ချပေးသွားမှာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီနဲ့ အက်သလက်တီကို မက်ဒရစ်တို့ကလည်း စိတ်ဝင်စားနေတဲ့ မောင့်ပယ်လီယာ တိုက်စစ်မှူး ဝါဟီကို ခေါ်ယူနိုင်ဖို့ ချယ်ဆီးဘက်က ကြိုးစားနေတာပါ။ အသက် ၂၀ အရွယ် တိုက်စစ်သမားဟာ မနှစ်ကရာသီ ပြင်သစ်လိဂ်မှာ ၃၃ ပွဲ ကစားပြီး ၁၉ ဂိုး သွင်းယူခဲ့သူ ဖြစ်ပါတယ်။

ဝါဟီက ပုံမှန်ပွဲကစားခွင့် ရလိုနေတာကြောင့် သူ့ကို ခေါ်ယူပြီးရင် ချယ်ဆီး ပိုင်ရှင်တွေပဲ ပူးတွဲ ပိုင်ဆိုင်ထားတဲ့ စတာ့ဘော့ဂ်အသင်းထံ အငှားချဖို့ဟာ အကောင်းဆုံး ရွေးချယ်စရာလို့ စတမ်းဖိုဒ့်ဘရစ်ချ် တာဝန်ရှိသူတွေက ယုံကြည်နေပါတယ်။

ပြင်သစ် လူငယ်လေးဘက်က အပြောင်းအရွှေ့ကို လက်ခံမလားကို လာမယ့် ရက်ပိုင်းအတွင်း ဆုံးဖြတ်ပေးရပါမယ်။ ချယ်ဆီးဘက်ကတော့ ယူရို သန်း ၃၀ ဝန်းကျင်ဖြင့် ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေပါပြီ။

စတာ့ဘော့ဂ်အသင်းကို ပဲလေ့စ် နည်းပြဟောင်း ဗီအဲရာက တာဝန်ယူနေတာဖြစ်ပြီး ချယ်ဆီးဟာ တိုက်စစ်သမား အန်ဂျလို ဂါဘရီရယ်ကိုလည်း အမေရိကန် ခရီးစဉ်အပြီးမှာ ပြင်သစ်ကလပ်ထံ အငှားချပေးဖို့ စီစဉ်ထားပါပြီ။

လီဂူးဝမ်းကလပ်ဟာ အနာဂတ်အတွက် ချယ်ဆီးတို့ ရည်ရွယ်ထားတဲ့ ကစားသမား အချို့ကို ပွဲကစားခွင့်ရစေမယ့် အခွင့်အလမ်းကို ဖန်တီးပေးရမှာ ဖြစ်ပါတယ်။