အိုနာနာကို ခေါ်ယူရေး မန်ချက်စတာ ယူနိုက်တက်နဲ့ အင်တာမီလန်တို့ သဘောတူညီမှု ရပါတော့မယ်။ ဂိုးသမားက ဆေးစစ်ဖို့နဲ့ စာချုပ်လက်မှတ်ထိုးဖို့ ခရီးထွက်လာမှာဖြစ်ကာ ယူနိုက်တက်ဘက်က အမေရိကန် ခရီးစဉ်အတွက် ဗီဇာပါ စီစဉ်နေပါပြီ။
တိုက်စစ်မှူး ရက်ဖိုဒ့်ကို ကာလရှည် သက်တမ်းတိုးဖို့ မန်ချက်စတာ ယူနိုက်တက်တို့ သဘောတူညီမှု ရတော့မှာ ဖြစ်ပါတယ်။ နောက်ဆုံး အဆင့် ကိစ္စတွေကို ဆွေးနွေးနေပါပြီ။
မန်ချက်စတာ ယူနိုက်တက်ဟာ အတ္တလန်တာ တိုက်စစ်သမား ဟွိုင်လန်းကို ခေါ်ယူဖို့ မျှော်လင့်နေဆဲ ဖြစ်ပါတယ်။ စီးရီးအေကလပ်ကတော့ သူတို့ ကစားသမားအတွက် ငွေသား သီးသန့် ကမ်းလှမ်းမှုမျိုးပဲ အလိုရှိပါတယ်။
ဂါလာတာစရေး အသင်းက ကွင်းလယ်လူ ဖရတ်ကို ခေါ်ယူလိုနေဆဲ ဖြစ်ကာ တူရကီကလပ်ဘက်က ညိနှိုင်းမှု အဆင်မပြေခဲ့ရင် ကြားဝင်ဖို့ ဆော်ဒီအသင်း အချို့ကလည်း ပြင်ဆင်ထားပါတယ်။
ဂိုးသမား ဒင်းဟန်ဒါဆန်ဟာ နော်တင်ဟမ် ဖောရက်စ်အသင်းထံ ပေါင် သန်း ၂၀ ဖြင့် ပြောင်းရွှေ့နိုင်ဖွယ် ရှိနေပါတယ်။
မက်ဂွဲရားကို ခေါ်ယူဖို့ ဝက်စ်ဟမ်းအသင်းအပြင် ချယ်ဆီးကလည်း စိတ်ဝင်စားနေတယ်လို့ အင်္ဂလန်သတင်းဌာနတွေက ဖော်ပြလာပါတယ်။ အသင်းခေါင်းဆောင် တာဝန်ကနေ ရုတ်သိမ်းခံရတဲ့နောက် မက်ဂွဲရားက မန်ချက်စတာကနေ ထွက်ဖို့ စဉ်းစားနေပါတယ်။
ဟယ်ရီကိန်းက ဒီနွေမှာ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းလိုခဲ့တာ ဖြစ်ပေမယ့် စပါးအသင်း တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးက အဟန့်အတား ဖြစ်နေခဲ့တာပါ။
