ဥရောပနဲ့ ပရီးမီးယားလိဂ် ကလပ်တွေရဲ့ လက်တလော အပြောင်းအရွှေ့ လှုပ်ရှားမှုတွေ ပါဝင်တဲ့ သတင်းတိုများ

Al Hilal အသင်းဟာ လာဇီယို ကွင်းလယ်လူ မီလန်ကိုဗစ်-ဆာဗစ်ကို ယူရို သန်း ၄၀ ဖြင့် ခေါ်ယူဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရခဲ့ပြီဖြစ်ပါတယ်။ တရားဝင် ကမ်းလှမ်းမှု ပြုလုပ်သွားမှာဖြစ်ကာ စာရွက်စာတမ်း ကိစ္စတွေ စီစဉ်နေပါပြီ။

စပါးနည်းပြသစ်က ကိန်းဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေထဲက တစ်ဦးဖြစ်ပြီး သူ့ကို ဆက်ထိန်းသွားမှာပါလို့ ထုတ်ပြောလာပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဒီအပတ်မှာပဲ အိုနာနာ အပြောင်းအရွှေ့ ကိစ္စကို အပြီးသတ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဆာစီရဲ့ အေးဂျင့်နဲ့ စကားပြောနေသလို ဖရတ်ကိုတော့ ဖူလ်ဟမ်အသင်းနဲ့ ညိနှိုင်းခွင့်ပေးဖွယ် ရှိပါတယ်။

ချယ်ဆီးတိုက်စစ်သမား ပူလီဆစ်ဟာ ဒီအပတ်မှာပဲ ဆေးစစ်ဖို့ရာအတွက် အီတလီကို ရောက်ရှိမှာ ဖြစ်ပါတယ်။ အေစီမီလန်မှာ ၂၀၂၇ ခုနှစ်ထိ ဆက်ရှိနေမယ့် စာချုပ်ကို ပူလီဆစ် လက်မှတ်ထိုးမှာ ဖြစ်ပါတယ်။

ဂျူဗင်တပ် ကွင်းလယ်လူ ပေါ့ဘာဟာ ဒီနွေမှာ ဆော်ဒီလိဂ်ထံ ပြောင်းဖွယ် မရှိဘဲ စီးရီးအေမှာပဲ ဆက်ရှိနေပါလိမ့်မယ်။

မောင့်ပယ်လီရာ တိုက်စစ်မှူး ဝါဟီနဲ့ ဂျူဗင်တပ် တိုက်စစ်သမား ဗလာဟိုဗစ်တို့ကို ခေါ်ယူရေး ချယ်ဆီးဘက်က ပစ်မှတ်ထားလာနေပါတယ်။

ဆောက်သမ်တန် ခံစစ်သမား ဝေါ်ကာပီတာကို ဒီနွေမှာ ခေါ်ယူဖို့ နယူးကာဆယ်က စိတ်ဝင်စားနေပါတယ်။

ခံစစ်မှူး မက်ဂွဲရားအတွက် မန်ချက်စတာ ယူနိုက်တက်ဘက်က ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ ထိ စျေးတင်ထားတာကြောင့် ကမ်းလှမ်းလိုတဲ့ ကလပ် နည်းပါးနေပါတယ်။

လီဗာပူးအသင်းဟာ နိုက်ကွင်းလယ်လူ သူရမ်ကို ခေါ်ယူရေး စိတ်ဝင်စားမှု လျော့ကျသွားခဲ့ကာ ခံစစ်မှူးသစ် တစ်ဦး ရရှိရေးဘက်ကို ပိုမို အာရုံစိုက်လာနေပါတယ်။

ယူ-၂၁ အဆင့် ယူရိုပြိုင်ပွဲ အပြီးသတ်ခဲ့ပြီမို့ ဆယ်တာဗီဂို ကွင်းလယ်လူ ဗီဂါဟာ သူ့ရဲ့ အနာဂတ်ကို လာမယ့် သီတင်းပတ်တွေမှာ ဆုံးဖြတ်ပေးသွားတော့မှာပါ။