ဥရောပ ထိပ်သီး အမှတ်ပေးလိဂ် (၅) ခု စာရင်းကနေ ထွက်ပေးလိုက်ရပြီဖြစ်တဲ့ ပြင်သစ် လီဂူးဝမ်း

အမ်ဘာပေ၊ မက်ဆီ၊ နေမာတို့လို ကစားသမားကောင်းတွေ ပိုင်ဆိုင်ခဲ့ပေမယ့်လို့ ဥရောပမှာ ပြင်သစ်လိဂ်တွေ အောင်မြင်မှု မရခဲ့တဲ့နောက် ယူအီးအက်ဖ်အေရဲ့ လိဂ် အမှတ်ပေးမှုမှာ လီဂူးဝမ်းက အဆင့်ကျသွားခဲ့ပါပြီ။

ကုန်ခဲ့တဲ့ နှစ်တွေမှာ ပြင်သစ်ကလပ် ပီအက်စ်ဂျီ အသင်းဟာ သူတို့ရဲ့ ပထမဆုံးသော ချန်ပီယံလိဂ်ဖလား အောင်မြင်ရေးကို အားသွန်းလာခဲ့တာပါ။ နေမာကို ကမ္ဘာ့စံချိန်တင်ကြေးနဲ့ ခေါ်ယူခဲ့သလို ဘလွန်းဒီအော ၇ ကြိမ် အနိုင်ရ မက်ဆီကိုလည်း လက်မှတ်ထိုးနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လို့ မနှစ်ကရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ၁၆ သင်း အဆင့်ကနေ ထွက်ခွာခဲ့ရပြီး လီဂူးဝမ်းကလည်း ပြိုင်ဘက်တွေ ကျော်တက်ခြင်း ခံခဲ့ရပါပြီ။

ဥရောပရဲ့ ထိပ်သီး လိဂ် ၅ ခု စာရင်းမှာ ပရီးမီးယားလိဂ် ဆက်ရှိနေပေမယ့်လို့ စီးရီးအေ၊ ဘွန်ဒက်လီဂါ၊ လာလီဂါနဲ့ ဘယ်ဂျီယံ ဘရိုလိဂ်တို့က အစဉ်လိုက် ရပ်တည်နေတာပါ။ နံပါတ် ၆ နေရာမှာလည်း နယ်သာလန်လိဂ်က အဆင့်တက်လာခဲ့ပြီး ပြင်သစ်လိဂ်က အဆင့် ၇ နေရာထိ ကျဆင်းသွားပါတယ်။

ဒီနွေမှာ စပို့တင်းကနေ အူဂါတီအပြင် အလားအလာရှိ ကစားသမားကောင်းတွေ ထပ်မံ ခေါ်ယူထားတဲ့ ပီအက်စ်ဂျီဟာ မက်ဆီကိုတော့ လက်လွတ်လိုက်ပါပြီ။ ကလပ် မန်နေဂျာအဖြစ် ချန်ပီယံလိဂ်ဖလား အောင်မြင်ဖူးတဲ့ အန်ရီကေးကိုလည်း လက်မှတ်ထိုးထားပြီ ဖြစ်ပါတယ်။

နောက်ရာသီတွေမှာ ဥရောပပြိုင်ပွဲအတွင်း ပြင်သစ်ကိုယ်စားပြု ပီအက်စ်ဂျီအသင်း အောင်မြင်မှုတွေ ရမယ်ဆိုရင်တော့ ထိပ်ဆုံး လိဂ် ၅ ခုစာရင်းထဲ ပြန်ပါလာနိုင်မှာပဲ ဖြစ်ပါတယ်။