အာဆင်နယ်ဟာ လက်တလောမှာ ကလပ်ရဲ့ အဓိက အစုအဖွဲ့ကို ကာလရှည် ဆက်ထိန်းနိုင်ဖို့ကိုပဲ အားသွန်းနေခဲ့တာဖြစ်ပြီး ဆာကာကို စာချုပ်သစ်ပေးထားကာ ဆာလီဘာအတွက် သဘောတူညီမှု ရထားခဲ့သလို အိုဒီဂတ်နဲ့လည်း မကြာခင် လက်မှတ်ထိုးမှု ပြုလုပ်နိုင်ပါတယ်။
ကလပ်ရဲ့ အဓိက ထောက်တိုင်တွေကို စာချုပ်သစ်တွေ ပေးနိုင်ဖို့ ကြိုးစားနေတဲ့ အာဆင်နယ်ဟာ အပြောင်းအရွှေ့မှာတော့ ဒါတွေကို လုပ်ဆောင်နေသေးတာ ဖြစ်ပါတယ်။
ကိုင်ဆီဒို
ဘရိုက်တန် ကွင်းလယ်လူ ကိုင်ဆီဒိုကို ပြန်လည် ချိတ်ဆက်ဖို့ အာဆင်နယ်ဘက်က ပြင်ဆင်နေပါတယ်။ ဇန်နဝါရီတုန်းက ကွင်းလယ်လူအတွက် ပေါင် ၇၅ သန်းဖြင့် ချိတ်ဆက်မှု ပယ်ချခံခဲ့ရပေမယ့် ဒီနွေမှာ တူညီတဲ့ ပမာဏလောက်ဖြင့် ပြန်လည် ကမ်းလှမ်းမှာပါ။
ကိုင်ဆီဒိုကို ခေါ်ယူလိုတဲ့ ကလပ်က များပြားတာကြောင့် အာဆင်နယ်ဟာ ကြမ်းခင်းစျေး စပေးတဲ့ အသင်း ဖြစ်လိုသလား မသေချာဖြစ်နေပါတယ်။
ဒီကလန်ရိုက်စ်
ရိုမန်နိုကတော့ ” နောက်အပတ်မှာ အာဆင်နယ်ဟာ ရိုက်စ်ကို ညိနှိုင်းမှု ကိစ္စ အရေးကြီး အဆင့်တွေထံ စတင် သွားပါမယ်။ ဒီရက်တွေအတွင်း အကောင်းမြင်စရာ ပြောဆိုမှုတွေဖြစ်ခဲ့ပြီးနောက် မကြာခင်မှာ တရားဝင် ကမ်းလှမ်းမှု မျှော်လင့်လို့ ရလာနေပါပြီ။
ကစားသမားက အင်္ဂလန်မှာပဲ ဆက်ကစားလိုတာမို့ ဘိုင်ယန်ကို ကျော်ပြီး အခြေအနေ ကောင်းနေတယ်လို့ ဂန်းနားတွေ ခံစားမိနေပါတယ်။ ဒါပေမယ့် အာဆင်နယ်အတွက် ချိန်သားကိုက်ဖို့ကလည်း အရေးကြီးပါတယ် ” လို့ ဆိုပါတယ်။
အစွန်သမား တစ်ဦး ခေါ်ယူရေး
ဗယ်လာဒိုးလစ်အသင်း အစွန်လူ ဖရတ်စနာဒါကို ခေါ်ယူရေးမှာ အာဆင်နယ်က ဒေါ့မွန်ကို အရေးမသာဖြစ်နေပါတယ်။ ဖရတ်စနာဒါကို မခေါ်ယူနိုင်ရင် ဒုတိယ ဦးစားပေးအဖြစ် လက်စတာအသင်း ခံစစ်သမား ကာစတိန်ကို ခေါ်ယူဖို့ အာဆင်နယ်အသင်းဘက်က စဉ်းစားထားပြီး စကားပြောမှုတွေ ခပ်မြန်မြန် ဖြစ်လာနိုင်ပါတယ်။
လီဂူးဝမ်း တိုက်စစ်ကြယ်ပွင့်ကို ချိတ်ဆက်နေခြင်း
လီဂူးဝမ်းကလပ် မောင့်ပယ်လီယာအသင်း ဥက္ကဋ္ဌက သူတို့အသင်းရဲ့ လူငယ်တိုက်စစ်သမား ဝါဟီကို အာဆင်နယ်ဘက်က စိတ်ဝင်စားနေကြောင်း ထုတ်ပြောခဲ့ပါတယ်။ ဝါဟီကို ခေါ်ယူဖို့ ကလပ် ၅ သင်းလောက် ရှိပေမယ့် အာဆင်နယ် ပါဝင်ကြောင်းကို သူကိုယ်တိုင်ကပဲ ထုတ်ပြောသွားခဲ့တာပါ။
