အာတီတာရဲ့ ပစ်မှတ် စပိန်ကြယ်ပွင့်ကို ခေါ်ယူလိုရင် ယူရို သန်း ၂၀ ပဲ ပေးရမယ့် အာဆင်နယ်

အာဆင်နယ်ဟာ စပိန်လိဂ်မှ ညာအစွန်လူ ဖရတ်စနယ်ဒါကို ခေါ်ယူရေးမှာ အတော်လေး သက်သာတဲ့ ပြောင်းရွှေ့ကြေးပဲ ပေးရမှာဖြစ်ပေမယ့် ကစားသမားကို လက်မှတ်ထိုးနိုင်မလား မသေချာသေးဘူး ဖြစ်ပါတယ်။

လာလီဂါကနေ တန်းဆင်းသွားတဲ့ ဗယ်လာဒိုးလစ်ဟာ သူတို့ရဲ့ ကစားသမားကို စျေးပေါပေါနဲ့ ထွက်ခွင့်ပေးရမှာဖြစ်ပြီး ပြောင်းရွှေ့ကြေး ယူရို သန်း ၂၀ ပဲ ပေးရမှာ ဖြစ်ပါတယ်။

အသက် ၁၈ နှစ်အရွယ် စပိန်သား ညာအစွန်လူဟာ ဒီရာသီမှာ သူ့ရဲ့ ပထမဆုံး စီနီယာ ပွဲကစားမှုတွေ စတင်ရရှိလာခြင်းဖြစ်ပါတယ်။ ဗယ်လာဒိုးလစ်က ဆိုးရွားတဲ့ ဘောလုံးရာသီ ပိုင်ဆိုင်ခဲ့ပေမယ့် အစွန်လူရဲ့ တောက်ပမှုကို ဥရောပကလပ် အများအပြားက သတိထားမိခဲ့ကြတယ်။

ဇန်နဝါရီမှာ အာဆင်နယ်ဘက်က ဖရတ်းနယ်ဒါကို ကမ်းလှမ်းဖို့ ပစ်မှတ်ထားခဲ့ပြီး ဗယ်လာဒိုးလစ်ကတော့ တန်းဆင်းဇုန် အခြေအနေကနေ ရုန်းထွက်ဖို့ သူတို့ ကြယ်ပွင့်ကို ဆက်ထိန်းလိုခဲ့ပါတယ်။

ဒါပေမယ့်လို့ လာလီဂါကနေ တန်းဆင်းခဲ့ရတာနဲ့အတူ အစွန်လူရဲ့ တန်ကြေးဟာ ယူရို သန်း ၄၀ ရဲ့ ထက်ဝက်ဖြစ်တဲ့ ယူရို သန်း ၂၀ ထိ ကျဆင်းသွားခဲ့ပြီ ဖြစ်ပါတယ်။

သူ့ကို ခေါ်ယူရေး စိတ်ဝင်စားနေတဲ့ အာဆင်နယ်အသင်းဟာ တရားဝင် ကမ်းလှမ်းမှုတော့ မလုပ်သေးပါဘူး။ ဒေါ့မွန်ကလည်း စပိန်အစွန်လူကို ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

ဖရတ်စနယ်ဒါကတော့ အာတီတာကို အတော်လေး အထင်ကြီးကြောင်းနဲ့ အာဆင်နယ်ရဲ့ ကစားဟန်ဟာ သူနဲ့ ကိုက်ညီမယ်လို့ မြင်ပါကြောင်းကို ထုတ်ပြောထားခဲ့သေးတာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဂါလာတာစရေး ညာအစွန်လူ ဘိုရေးကိုလည်း စိတ်ဝင်စားနေပြီး သူ့ကို ခေါ်ယူလိုတယ်ဆိုရင် ယူရို ၂၅ သန်း ပေးရမှာပဲ ဖြစ်ပါတယ်။