လက်ပေါက်ကပ်တဲ့ လီဗိုင်းအကြောင်း ကောင်းကောင်းသိလို့ ကိန်းကို မရခဲ့ရင်အတွက် အရံ ၅ ဦးထိ ယူနိုက်တက်တို့ ရွေးထုတ်လာ

စပါးဥက္ကဌ ဒန်နီရယ် လီဗိုင်းဟာ ဟယ်ရီကိန်း မထွက်သွားအောင် တားဆီးဖို့အတွက် ခေါင်းမာမာနဲ့ တင်းခံထားမှာဖြစ်တာနဲ့အတူ မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနွေရာသီမှာ တခြာသော တိုက်စစ်မှူး ပစ်မှတ် ၅ယောက်ကို ရှာဖွေထားပါတယ်။

ကိန်းဟာ ယူနိုက်တက်နဲ့ အဲရစ်တန်ဟက်အတွက် အဓိက ပစ်မှတ်ဖြစ်ပေမယ့် လီဗိုင်းဟာ အပြောင်းအရွှေ့ ညှိနှိုင်းပေးဖို့ အတော်လေး လက်ပေါက်ကပ်သူပါ။ ဒါကြောင့် တိုက်စစ်မှူးအသစ် အသည်းအသန် လိုအပ်နေတဲ့ ယူနိုက်တက်ဟာ ကိန်းအပေါ် လက်မလျှော့လိုက်ပေမယ့် အရံ ပစ်မှတ်တွေကိုပါ အသင့်ထားရှိဖို့ ကြိုးစားနေတာပါ။

နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆီမန်၊ အတ္တလန္တာ လူငယ်ကစားသမား ဟိုလန်း၊ ဘင်ဖီကာကြယ်ပွင့် ဂွန်ကာလိုရာမို့စ်၊ ဖရန့်ဖတ် တိုက်စစ်မှူး ကိုလို မူအာနီတို့ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဆန်ကာတင်စာရင်းထဲမှာ ပါဝင်နေပါတယ်။ တန်ဟက်က ကိန်းကိုတော့ သဘောအကျဆုံး ဖြစ်နေဆဲပါ။

ကိန်းဟာ မြောက်လန်ဒန်မှာ စာချုပ် နောက်ဆုံးနှစ်ထဲ ဝင်လာတော့မှာဖြစ်ပြီး စပါးဟာ လာမယ့်ရာသီ ဥရောပဘောလုံးကစားခွင့်နဲ့ လွဲချော်ရမှာဖြစ်သလို ပိုဆိုးတာက အမြဲတမ်းနည်းပြသစ်ကို အခုထိ မဆုံးဖြတ်ရသေးတာပါ။

ကိန်းဟာ သူတသက်လုံး ကစားခဲ့တဲ့ ကလပ်ကို စွန့်ခွာဖို့ လွယ်ကူမှာ မဟုတ်ပေမယ့် အသင်းပြောင်းရွှေ့ဖို့ ကြိုးစားလာရနိုင်ပါတယ်။ သူဟာ အိုးထရက်ဖို့ဒ်မှာ အသင်း ပြန်လည်တည်ဆောက်ရေး စီမံကိန်းအတွက် အဓိက ပစ်မှတ်တစ်ခု ဖြစ်နေခြင်းကို သဘောကျပါလိမ့်မယ်။

ယူနိုက်တက်ကတော့ နဂိုထဲက အပြောင်းအရွှေ့ ကိစ္စတွေမှာ လီဗိုင်းရဲ့ ခေါင်းမာမှုတွေကို သိထားတာဖြစ်ပြီး ဂိမ်းကစားသလို အကွက်တွေ ရွှေ့ရတာမျိုး မလုပ်ချင်တာမို့ သီးခြား ပစ်မှတ်တွေနဲ့အတူ ကြိုတင် ပြင်ဆင်မှုတွေ လုပ်နေတာ ဖြစ်ပါတယ်။