ဒီကလန်ရိုက်စ် အပြင် မတ်ဒီဆန်ကိုပါ ခေါ်ယူနိုင်ဖို့ အာတီတာ စတေးသွားမယ့် အာဆင်နယ် ကြယ်ပွင့်

အာဆင်နယ်ဟာ လက်စတာရဲ့ ဂျိမ်းမတ်ဒီဆန်ကို ခေါ်ယူဖို့အတွက် နယူးကာဆယ်နဲ့အပြိုင် ကြိုးစားမှာဖြစ်ပြီး ကလပ် ကြယ်ပွင့် အချို့ကို ရောင်းချဖို့ ကြိုးစားနေပါတယ်။

ဒီရာသီ မန်စီးတီးနောက် ဒုတိယနေရာမှာပဲ ရာသီသိမ်းခဲ့တဲ့ ဂန်းနားတွေဟာ နောက်ရာသီမှာ ထပ်မံစိန်ခေါ်ဖို့နဲ့ လူစာရင်းပိုင်း ပိုတိုးတက်အောင်လုပ်ဖို့ ပြင်ဆင်နေပါတယ်။ အာတီတာရဲ့အတွေးတွေက ကလပ်ရဲ့ နွေရာသီ အသင်းပြန်လည်တည်ဆောက်ရေးအပေါ် အာရုံစိုက်ထားပြီ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ၆နှစ်အတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဝင်ခွင့်ရထားတာနဲ့အတူ အာတီတာဟာ သူ့အသင်းကို အင်အားဖြည့်တင်းမှာ ဖြစ်ပါတယ်။ လက်တလောမှာ ဆာကာကို ကလပ်ရဲ့ လုပ်ခအများဆုံး ကစားသမား အဖြစ် စာချုပ်သစ် ချုပ်ဆိုပြီး ပရိသတ်တွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ခဲ့တာပါ။

ဒါပေမယ့် အခု ရှာကာ ထွက်ခွာတော့မှာရယ်၊ ပါတေးနဲ့ ဂျော်ဂျင်ညိုတို့ရဲ့ စိုးရိမ်စရာတွေကြောင့် ကွင်းလယ်ကို အားဖြည့်ရတော့မှာပါ။ လက်စတာရဲ့ မတ်ဒီဆန်ဟာ သင့်တော်တဲ့ ကွင်းလယ်ရွေးချယ်စရာ အဖြစ် အာဆင်နယ်ရဲ့ ရေဒါထဲမှာ ပါဝင်လာခဲ့ပါတယ်။

တနင်္လာနေ့က နယူးကာဆယ်နဲ့ပွဲမှာ မတ်ဒီဆန်နဲ့ ဟာဗေးဘန်းစ်ကို အရံခုံထိုင်ခိုင်းခဲ့တဲ့ ဒင်းစမစ်ရဲ့ လုပ်ရပ်က ကွင်းလယ်လူကို ကင်းပါဝါကနေ ထွက်ခွာဖို့ ဖြစ်လာစေပါတယ်။ သူ့ကို ခေါ်ယူနိုင်ရေးအတွက် အာဆင်နယ်ဘက်က ကလပ်ကြယ်ပွင့် စမစ်ရိုးကို စတေးခံသွားတော့မှာပါ။

စမစ်ရိုးကို ရောင်းထုတ်လိုက်ရင် အာဆင်နယ်ပရိသတ်တွေ စိတ်ပျက်ကြမှာ အသေအချာပါပဲ။ အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ ကလပ်မှာ ၁၃နှစ် ကျော် ရှိနေခဲ့ပေမယ့် အာတီတာလက်အောက် သူ့ရဲ့ အလားအလာကောင်းတဲ့ တာထွက်ဟာ ဒီရာသီမှာ ဒဏ်ရာပြဿနာကြောင့် အနှောင့်အယှက်ဖြစ်နေခဲ့တာပါ။

လာမယ့်နွေအပြောင်းအရွှေ့မှာ ထွက်ခွာခွင့်ပေးဖို့ အာဆင်နယ် စဉ်းစားထားတာက စမစ်ရိုး တစ်ယောက်ထဲ မဟုတ်ဘဲ ရော့ဘ်ဟိုးဒင်းနဲ့ တီယာနေးတို့လည်း ပါဝင်ပါတယ်။ မတ်ဒီဆန်နဲ့အတူ အာဆင်နယ်ဟာ ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒက်ကလန်ရိုက်စ်၊ ဘရိုက်တန်ရဲ့ ကိုင်ဆီဒိုကိုပါ အလိုရှိနေတာ ဖြစ်ပါတယ်။

Sports Home Time မှ သတင်း၊ ဆောင်းပါးများကို ပြန်လည် ကူးယူ ဖော်ပြခြင်း လုံးဝ မလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ် ခင်ဗျား။