ရော်နယ်ဒို အပါအဝင် လက်ရှိ ဥရောပပြင်ပမှာ ကစားနေတဲ့ အကောင်းဆုံး ကစားသမား ၅ယောက်

ဒီနွေမှာ အကျပိုင်းရောက်လာတဲ့ ဒါမှမဟုတ် အနာဂတ်ကောင်းတွေ ရှိနေဆဲဖြစ်တဲ့ ကစားသမားများစွာအတွက် ဆော်ဒီလိဂ်ဟာ ဆွဲဆောင်မှုရှိတဲ့ ဦးတည်ရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

များစွာသော ကစားသမားတွေ ဥရောပကနေ ထွက်ခွာနေကြသလို အမေရိကန် မေဂျာလိဂ်ဟာလည်း မက်ဆီလို ကစားသမားကို ရရှိခဲ့ပြီဖြစ်ပါတယ်။ သူတို့တွေ မတိုင်ခင် မနှစ်ကရာသီ ဥရောပပြင်ပမှာ ခြေစွာနေခဲ့တဲ့ အကောင်းဆုံး ကစားသမား ၅ယောက်အကြောင်းကို ဖော်ပြသွားပါမယ်။

(၅) ဂျာဗီယာ ဟာနန်ဒက် (လော့စ်အန်ဂျလိ ဂလက်ဆီ)

၃၂ပွဲအတွင်း ၁၈ဂိုးသွင်း၊ ၃ဂိုး ဖန်တီးပေးထားတဲ့ ဟာနန်ဒက်ရဲ့ စွမ်းဆောင်ရည်တွေဟာ ၂၀၁၉ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဂလက်ဆီကို မေဂျာလိဂ် ဖလား ပလေးအော့ဖ်အဆင့် ရောက်အောင် ကူညီပေးခဲ့ပါတယ်။ ၃၄နှစ် ရှိပြီဖြစ်ပေမယ့် ကျရိပ်မပြသေးဘဲ အမြင့်မားဆုံး အဆင့်အတန်းမှာ အများကြီး လုပ်ပြနိုင်သေးကြောင်း ဆက်လက် ပြသနေပါတယ်။

(၄) လော်ရန်ဇို အင်ဆစ်ဂ်နီ (တိုရွန်တိုအက်ဖ်စီ)

နာပိုလီကို ကိုပါအီတာလီယာ ၂လုံး၊ စူပါကိုပါ အီတာလီယာနာ ၁လုံး အောင်မြင်အောင် ကူညီပေးခဲ့ပြီးနောက် မေဂျာလိဂ်ထံ သူထွက်သွားခဲ့တာက အံ့ဩစရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ စိန်ခေါ်မှုအသစ်ရယူဖို့ အခွင့်အရေး၊ မြင့်မားတဲ့ လုပ်ခလစာတွေ အပါအဝင် အကြောင်းရင်းများစွာကြောင့် ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

(၃) လူးဝစ် ဆွာရက်ဇ် (ဂရီမီယို)

အကောင်းဆုံးအချိန်မှာ ဥရောပရဲ့ အထူးချွန်ဆုံး ဗဟိုတိုက်စစ်မှူး ဖြစ်ခဲ့ပြီး အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။ ၂၀၂၂ ဇူလိုင်မှာ အက်သလက်တီကိုကနေ ငယ်ဘဝကလပ် နေစီယွန်နယ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်သွားခဲ့ပြီး ဂိုးတွေသွင်းခဲ့သလို ဒီဇင်ဘာမှာ ၂နှစ်စာချုပ်နဲ့ ဘရာဇီးကလပ် ဂရီမီယိုထံ ပြောင်းရွှေ့ခဲ့ကာ ဂိုးတွေ ဆက်သွင်းနေဆဲပါ။

(၂) အန်ဒရေးစ် အင်နီယေစတာ (ဗစ်ဆယ်ခိုဘီ)

ထာဝရအကောင်းဆုံး ကွင်းလယ်လူတစ်ယောက်ဖြစ်တဲ့ စပိန်သားကြီးဟာ ၂၀၁၈ မှာ ဘာစီလိုနာကနေ ထွက်ခွာခဲ့ပြီး ဂျပန်ကလပ် ဗစ်ဆယ်ခိုဘီကို ရောက်ခဲ့ပါတယ်။ ဂျပန်ကလပ်အတွက် သူက အဓိက ကစားသမားတစ်ယောက် ဖြစ်ခဲ့ပြီး ၂၀၁၉ မှာ ဘုရင့်ဖလား အောင်မြင်အောင် ကူညီပေးခဲ့ပါတယ်။ ၂၀၁၉ နဲ့ ၂၀၂၁ မှာ ဂျေလိဂ်ရဲ့ အကောင်းဆုံး ၁၁ ယောက်စာရင်းထဲ ရွေးချယ်ခံခဲ့ရပါတယ်။

(၁) ခရစ္စတီယာနို ရော်နယ်ဒို (အယ်နာဆာ)

၂၀၂၃ ဇန်နဝါရီမှာ ဒေါ်လာသန်း ၂၀၀ တန်တဲ့ ၂နှစ်စာချုပ်နဲ့ ရော်နယ်ဒိုဟာ အယ်နာဆာထံ ပြောင်းရွှေ့ခဲ့ပြီးတော့ ကမ္ဘာ့လုပ်ခအမြင့်ဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ အပြောင်းအရွှေ့ဟာ စိတ်လှုပ်ရှားမှုတွေ၊ အာရုံစိုက်မှုတွေ အများကြီး ရရှိခဲ့တာပါ။

ရော်နယ်ဒိုဟာ ကမ္ဘာ့နာမည်အကြီးဆုံး ကစားသမားတစ်ယောက်ဖြစ်ပြီး ဆော်ဒီကို သူရောက်လာတာက လိဂ်ရဲ့ ပရိုဖိုင်ကိုပါ မြင့်တက်စေခဲ့တာပါ။ သူဟာ ဆော်ဒီပရိုလိဂ်ကလပ်အတွက် ပြိုင်ပွဲစုံ ၁၉ ပွဲမှာ ၁၄ဂိုး သွင်းထားပါတယ်။