လူကာကူရဲ့ အနာဂတ် ဆုံးဖြတ်ချက် ဘယ်လိုပဲဖြစ်ဖြစ် ချယ်ဆီးဟာ နွေရာသီမှာ တိုက်စစ်မှူးအသစ် ခေါ်ယူဖို့ စီစဉ်ထားပါတယ်။
မနေ့က အာဆင်နယ် နိုင်ပွဲအပြီးမှာပဲ ဒီနွေမှာ အယ်လစ္စတာနဲ့ ကိုင်ဆီဒိုတို့ နှစ်ဦးကို နွေအပြောင်းအရွှေ့မှာ ထွက်ခွင့်ပေးရလိမ့်မယ်လို့ နည်းပြဒီဇာဘီက ဝန်ခံလိုက်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ဖာလန် မန်ဒီကို မလိုအပ်တော့ဘူးလို့ အသိပေးလိုက်တဲ့နောက် အာဆင်နယ်ဟာ နွေရာသီမှာ ဘယ်နောက်ခံလူကို ခေါ်ယူဖို့ ကြိုးစားနိုင်ပါတယ်။ ၎င်းအတွက် ပေါင် ၁၇.၅ သန်း ဝန်းကျင်ပဲ ကုန်ကျနိုင်ပြီး အာဆင်နယ်အနေနဲ့ တီယာနေးကို ရောင်းထုတ်ဖြစ်ရင် ဒီလောက်ပမာဏကို ပြန်ရနိုင်ပါတယ်။
ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ မန်ယူနိုက်တက်နဲ့ နယူးကာဆယ်တို့ဟာ ပီအက်စ်ဂျီမှ အသက် ၂၈ နှစ်အရွယ် ကွင်းလယ်လူ ရာဘီရော့ကို အပြိုင်အဆိုင် ချိတ်ဆက်သွားမှာပါ။
ဘိုင်ယန်မြူးနစ်ဟာ ကန်ဆယ်လိုကို ယူရိုသန်း ၇၀ နဲ့ အပြီးသတ်ဝယ်ယူခွင့် ရွေးချယ်စရာနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် မချရသေးဘူးလို့ အားကစားဒါရိုက်တာ ဆာလီဟာမစ်ဇစ်က ပြောပြခဲ့ပါတယ်။
မန်ယူနိုက်တက်ဟာ နောက်ရာသီမှာ အဲဗာတန်ကွင်းလယ်လူ အိုနာနာကို ခေါ်ဖို့ စိတ်ဝင်စားနေပေမယ့် ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀လောက် ပေးရမှာ ဖြစ်ပါတယ်။ အဲဗာတန်ဟာ မနှစ်က သူ့ကို ပေါင်၃၃သန်းနဲ့ ဝယ်ူခဲ့တာဖြစ်ပေမယ့် အခုချိန်မှာ သန်း ၅၀ ရမှသာ သူ့ကို လက်လွှတ်ပေးမှာပါ။
လီဗာပူးဟာ နွေရာသီမှာ ဘရိုက်တန်ကွင်းလယ်လူ မက်ကယ်လစ်စတာကို ခေါ်ယူနိုင်ဖို့ ရှေ့ဆုံးကနေ ပြေးနေပါတယ်။ ယူနိုက်တက်နဲ့ အာဆင်နယ်တို့ကလည်း ကမ္ဘာ့ဖလား ချန်ပီယံကို စိတ်ဝင်စားနေပေမယ့် လီဗာပူးက ပေါင်သန်း ၇၀ နဲ့ ခေါ်ယူနိုင်ဖို့ ရေပန်းစားနေတာပါ။
သီယာဂိုဆေးဗားဟာ ဖလူမီးနန့်စ်ကို ပြန်သွားမယ့် ကောလာဟလတွေကို ငြင်းပယ်လိုက်ပြီး ချယ်ဆီးနဲ့ ဆက်နေချင်လို့ စာချုပ်သက်တမ်း တိုးခဲ့တာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
အက်စ်တွန်ဗီလာနဲ့ နယူးကာဆယ်ဟာ ရိုးမားတိုက်စစ်မှူး တန်မီအေဘရာဟမ်ကို စိတ်ဝင်စားနေပါတယ်။ ရိုးမားဟာ ချယ်ဆီး၊ စပါး၊ ယူနိုက်တက်တို့ရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တဲ့ အေဘရာဟမ်အတွက် ပေါင်သန်း ၄၀ နဲ့ ဈေးစဖွင့်မှာ ဖြစ်ပါတယ်။
ချယ်ဆီးဟာ ပိုချက်တီနိုကို နောက်ရာသီမှာ နည်းပြသစ်ခန့်ဖို့ သဘောတူညီမှုရခဲ့ပြီး အဲ့မတိုင်ခင်အထိ လမ်းပတ်ကပဲ ယာယီနည်းပြအဖြစ် ဆက်လက် တာဝန်ယူသွားမှာပါ။
အေစီမီလန်ဟာ နောက်ရာသီမှာ တိုက်စစ်ကို သွေးသစ်လောင်းဖို့အတွက် အက်သလက်တီကို တိုက်စစ်ကစားသမား အယ်ဗာရို မိုရာတာကို စောင့်ကြည့်နေပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ နွေရာသီမှာ ဘိုင်ယန်ကွင်းလယ်လူ ရိုင်ယန် ဂရာဗင်ဘက်ချ်ကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။ အဲရစ်တန်ဟက်က သူ့ရဲ့ ပရိုဖိုင်ကို သဘောကျပေမယ့် လီဗာပူး၊ မန်စီးတီးတို့နဲ့ အပြိုင်ကြိုးစားရမှာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ် ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်ဟာ ကွင်းလယ်လူ ချူအာမန်နီအတွက် ယူရိုသန်း ၈၀ ရမှ လက်လွှတ်ပေးမှာဖြစ်ပါတယ်။ လီဗာပူးဟာ ဒီရာသီ မက်ဒရစ်မှာ ကစားချိန် လျော့ကျနေခဲ့တဲ့ ပြင်သစ်ကွင်းလယ်လူကို စိတ်ဝင်စားနေတာဖြစ်ပါတယ်။
ချယ်ဆီးဟာ နွေရာသီမှာ ဘရိုက်တန်ကွင်းလယ်လူ ကိုင်ဆီဒိုကို ယူရိုသန်း ၈၀ နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ သူတို့ဟာ နှစ်စကတည်းက ကိုင်ဆီဒိုကို စောင့်ကြည့်နေခဲ့တာဖြစ်ပြီး နောက်အပြောင်းအရွှေ့ရာသီ စတင်တာနဲ့ ပြင်းပြင်းထန်ထန် ကြိုးစားသွားတော့မှာပါ။
မန်စီးတီးရဲ့ ဂွမ်ဒိုဂန်ဟာ နောက်နွေရာသီမှာ အလွှတ်စာချုပ်ဖြင့် ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။ ဘာစီလိုနာဟာ လက်ရှိမှာ မက်ဆီနဲ့ ဇူဘီမန်ဒီတို့ရဲ့ အပြောင်းအရွှေ့တွေကို ဦးစားပေးနေပေမယ့် ၂ယောက်ထဲက ၁ယောက်ကို မခေါ်နိုင်ရင် ဂွမ်ဒိုဂန်ကို စဉ်းစားသွားမှာပါ။
