မန်ချက်စတာ ယူနိုက်တက်ရဲ့ နွေအပြောင်းအရွှေ့ဟာ ပိုင်ရှင် အပြောင်းအလဲ မပြီးပြတ်လို့ ကမောက်ကမ ဖြစ်လာနိုင်တယ်လို့ သိရပေမယ့် ဟယ်ရီကိန်းကို ခေါ်ယူရေးအတွက် နောက်ဆုတ်မှာ မဟုတ်ပါဘူး။
စပါးဟာ ကွန်တီနေရာကို ဆက်ခံမယ့်သူအဖြစ် နာဂယ်စ်မန်းကို လိုချင်နေသလို ဒီနွေရာသီမှာ ဂျာမာန်သား နည်းပြအတွက် အပြိုင်အဆိုင် ကလပ်တွေကို ရင်ဆိုင်ရမှာ မဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။ အခုချိန်ထိတော့ စပါးနဲ့ နည်းပြကြားမှာ ဘာသဘောတူညီမှုမှ မရသေးပါဘူး။
ဘာစီလိုနာဟာ ဒမ်ဘီလီအတွက် စာချုပ်သစ် ကမ်းလှမ်းမှု စတင်ဖို့ အဆင်သင့် ဖြစ်နေပါတယ်။ အခုမှ ကနဦး အဆိုပြုတုန်းဖြစ်ပြီး နောက်ထပ် ဆွေးနွေးညှိနှိုင်းမှု အဆင့်တွေ ထပ်လုပ်ရဦးမှာ ဖြစ်ပါတယ်။
ချယ်ဆီးအသင်းကလည်း စိတ်ဝင်စားနေပေမယ့် ဝက်စ်ဟမ်းကွင်းလယ်လူ ရိုက်စ်ကို ခေါ်ယူရေး ကြိုးစားနိုင်မယ်လို့ အာဆင်နယ်တို့ ယုံကြည်ချက် ရှိနေပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ဘယ်လင်ဟမ်အပြင် အမ်ဘာပေကိုလည်း ဒီနွေမှာ ခေါ်ယူလိုနေပြီး ပြင်သစ်သားအတွက် ကမ္ဘာစံချိန်တင်ကြေး ပေးရမယ်ဆိုတာကို နားလည်ထားပါတယ်။
ပူလီဆစ်ဟာ အရေးပါတဲ့ကစားသမား အဖြစ် ခံစားချက် ပြန်ရလိုနေတာမို့ ဒီနွေရာသီမှာ ချယ်ဆီးကနေ ထွက်ခွာဖို့ ရှိနေတယ်လို့ သိရပါတယ်။
ချယ်ဆီးနဲ့ မန်ဒီကြား နှစ်ဖက်သဘောတူညီမှုအရ ဆီနီဂေါသားဟာ ရာသီကုန်မှာ ထွက်ခွာနိုင်ဖွယ် ရှိနေပြီး လက်တလောမှာ ကလပ်ဘက်က နည်းပြသစ်ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေဆဲ ဖြစ်ပါတယ်။
ယူနိုက်တက်၊ ချယ်ဆီးနဲ့ စပါးတို့ဟာ ဗီလာ ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ကို ခေါ်ဖို့ စိတ်အားထက်သန်နေပါတယ်။ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာဖို့ရှိနေပေမယ့် သူ့စာချုပ်မှာ စာချုပ်ဖျက်သိမ်းကြေး မပါတာကြောင့် ဗီလာအတွက် အသာစီးရနေတဲ့ အနေအထား ဖြစ်ပါတယ်။
နယူးကာဆယ်၊ ယူနိုက်တက်နဲ့ လီဗာပူး ကင်းထောက်တွေဟာ ဂျင်းကလဲ တိုဒီဘိုကို စောင့်ကြည့်ဖို့ နိုက်စ်-ရန်းနက်စ်ပွဲကို လာကြည့်ခဲ့ကြပါတယ်။ ပြင်သစ်နောက်ခံလူဟာ နွေရာသီမှာ ထိပ်တန်းကလပ် အပြောင်းအရွှေ့လုပ်နိုင်ဖွယ်ရှိပြီး သူ့တန်ကြေးက ယူရို ၄၅သန်း ဝန်းကျင် ဖြစ်နိုင်ပါတယ်။
အက်စ်တွန်ဗီလာအသင်းဟာ စပို့တင်း လစ္စဘွန်းကြယ်ပွင့် အူဂါတီကို မျက်စိကျနေပါတယ်။ လီဗာပူးကလည်း ကွင်းလယ်လူကို စိတ်ဝင်စားပေမယ့် ဗီလာတို့ ပိုမို ရေပန်းစားလာနေပြီ ဖြစ်ပါတယ်။
သောမတ်စ်မူလာဟာ ဘိုင်ယန်မှာ ပုံမှန်ပွဲထွက်ခွင့်ရသူ မဟုတ်တော့တာနဲ့အတူ နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနိုင်တယ်ဆိုတဲ့ သတင်းတွေကို အိုလီဗာခန်းက ငြင်းပယ်ခဲ့ပါတယ်။
လီဗာပူး၊ ပီအက်စ်ဂျီနဲ့ ဘာစီလိုနာတို့ဟာ နွေရာသီမှာ နယူးကာဆယ် ကွင်းလယ်လူ ဘရူနို ဂွီမာရက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ လီဗာပူးဟာ သူ့အတွက် အသုံးစရိတ်ကြီး ထုတ်ဖို့ ပြင်ဆင်ထားပေမယ့် နယူးကာဆယ်က သူ့ကို လက်လွှတ်ဖို့ ဆန္ဒမရှိပါဘူး။
မန်ယူနိုက်တက်ပစ်မှတ် ဂျာရီယန် တင်ဘာဟာ စိတ်ပျက်စရာ ရာသီအပြီး အေဂျက်ကနေ ထွက်ခွာဖို့ အခွင့်အရေးရှိကြောင်း ဝန်ခံခဲ့ပါတယ်။

