နယူးကာဆယ္ Vs မန္စီးတီး – ပြဲခ်ိန္/ ထူးျခားသတင္း/ လူစာရင္း/ ေရပန္းစားမႈ/ ရလဒ္ခန္႔မွန္း

[Zawgyi] နယူးကာဆယ္ နဲ႔ မန္စီးတီး ပြဲအတြက္ ပြဲခ်ိန္/ ထူးျခားသတင္း/ လူစာရင္း/ ပြဲၾကိဳ စိန္ေခၚစကားမ်ား/ ေရပန္းစားမႈ/ ရလဒ္ခန္႔မွန္းေတြကို စုစည္း ေဖာ္ျပထားတာ ျဖစ္ပါတယ္။

ဘယ္လိုပြဲလဲ?

ဂြာဒီယိုလာရဲ႕ ပရီးမီးယားလိဂ္ ပြဲ 100 ျပည့္ပြဲပါ။ မန္စီးတီးဟာ လီဗာပူးကို ဖိအားေပးတဲ့ အေနနဲ႔ သြင္းဂိုးေတြ ေတာ္ေတာ္ေလး သြင္းေနပါတယ္။ ဒီပြဲမွာ ဘင္နီတက္စ္ဟာ ခံစစ္ကို အားျပဳလာဖြယ္ရွိျပီး ဂြာဒီယိုလာကေတာ့ အရင္အပတ္ေတြနဲ႔ ေျပာင္းျပန္ပဲ ႏုိင္ပြဲကို ၾကိဳတင္ယူထားျပီး 24 နာရီ ေနာက္က်ကန္ရမယ့္ လီဗာပူးကို တန္ျပန္ဖိအားေပးမွာပါ။ ဒီလိုပြဲမွာ ရလဒ္ထိခိုက္တာက စိတ္ပိုင္းဆိုင္ရာအရ အထိနာႏိုင္လို႔ မန္စီးတီး အမွားခံမွာ မဟုတ္ပါဘူး။

ဘယ္အခ်ိန္ကန္မွာလဲ?

ဇန္န၀ါရီ ၃၀၊ ဗုဒၶဟူးေန႔ မနက္ ၂း၃၀ နာရီ တိတိ ျဖစ္ပါတယ္။

ႏွစ္သင္းရဲ႔ ထူးျခားသတင္း

အက္ဖ္ေအဖလားမွာ နယူးကာဆယ္ဟာ အေျပာင္းအလဲ ခုႏွစ္ခု လုပ္ခဲ့ပါတယ္။ ရြန္ဒြန္လို တိုက္စစ္သမားကို ျပန္ေခၚခဲ့တယ္။ နယူးတိုက္စစ္သမား Joselu အျပင္ Diame, Shelvey နဲ႔ Ki Sung-yueng တို႔ ဒဏ္ရာေတြေၾကာင့္ ပါလာဖို႔ မရွိဘူး။ မန္စီးတီး ဘယ္အစြန္လူ မန္ဒီ ျပန္ကစားႏိုင္ျပီး ကြန္ပနီကေတာ့ မကစားႏုိင္ေသးပါဘူး။ ေဆးဗား၊ အဂြယ္ရို၊ လာေပၚေတးတို႔ ပြဲထြက္လူစာရင္းက ျပန္လာႏိုင္ဖို႔ ရွိပါတယ္။

လက္ရွိအဆင့္ရပ္တည္မႈ

ပြဲၾကိဳေျပာစကားမ်ား

Rafael Benitez

” ထိပ္တန္းကစားသမားေတြ ရွိရင္ေတာ့ တုိက္စစ္ကစားမွာေပါ့။ ဒါေပမယ့္ ဟန္ခ်က္ညီဖုိ႔ လိုပါတယ္။ ရမွတ္တစ္မွတ္နဲ႔ ဂိုးကြာျခားခ်က္က အေျပာင္းအလဲေတြ ျဖစ္သြားေစႏိုင္ပါတယ္။ “

Pep Guardiola

” နယူးကာဆယ္ နဲ႔ေတြ႕ရင္ ေအးေဆးျဖစ္တဲ့ အသင္းမရွိဘူးလို႔ က်ေနာ္ထင္တယ္။ ဒါကို က်ေနာ္တို႔ အရင္ဆုံး ကစားရမွာျဖစ္ၿပီး ၿပီးရင္ေတာ့ တနဂၤေႏြေန႔မွာ အာဆင္နယ္နဲ႔ပြဲအတြက္ စဥ္းစားရမွာပါ။ ေနာက္တပြဲက အေရးႀကီးပါတယ္။ “

အေလးေပးျခင္းမ်ား

  • Newcastle to win: 17/1
  • Draw: 13/2
  • Man City to win: 1/5

ပြဲၾကိဳခန္႔မွန္းမႈ?

နယူးကာဆယ္က ကလပ္အသင္းတြင္း ျပႆနာေတြ မ်ားေနတာပါ။ အက္ဖ္ေအဖလားမွာ ဘင္နီတက္စ္ လုပ္လိုက္တဲ့ အေျပာင္းအလဲေတြက နားမလည္ႏိုင္စရာပါပဲ။ အဲ့သည္အတြက္ ပရိသတ္ေတြနဲ႔ အတိုက္အခံျဖစ္ဖို႔ေတာင္ ရွိပါတယ္။ ႏွစ္သင္းၾကားမွာ ကြာဟခ်က္က သိပ္ႀကီးပါတယ္။ မန္စီးတီးရဲ႕ ဂိုးသြင္းယူႏုိင္စြမ္း အရမ္းျမင့္လို႔ နယူးကာဆယ္ဟာ ခံစစ္သမားေတြ ဆယ္ေယာက္ထားျပီး ဂိုးသမားနဲ႔ တြဲဘက္ ပြဲထြက္ေစမယ္လို႔ေတာင္ ခံစားေနရပါတယ္။

ေလာ္ရိုး ခန္႕မွန္းရလဒ္။ ။ နယူးကာဆယ္ 0-2 မန္စီးတီး

မန္စီးတီး ႏုိင္မယ္ဆုိတာကလြဲျပီး အျခား မျမင္ပါဘူး။ နယူးကာဆယ္ဟာ အက္ဖ္ေအကေန ထြက္ခဲ့ရသလို အေျခအေန မေကာင္းပါဘူး။ စီးတီးက အျမင့္ဆံုး အေျခအေနကို ေရာက္ေနျပီး စိန္႔ဂ်ိမ္းပက္ခ္မွာလည္း ပံုစံေကာင္းေတြကို ဆက္ျပမွာပါ။

ေပါလ္မာဆန္၏ ခန္႕မွန္းရလဒ္။ ။ နယူးကာဆယ္ 0-3 မန္စီးတီး

ျပီးခဲ့တဲ့ သီတင္းပတ္မွာ ကားဒစ္ကို အိမ္ကြင္းမွာ ၃ ဂိုးျပတ္ နုိင္ထားတဲ့ နယူးကာဆယ္က ဒီတပတ္မွာ လက္ရွိခ်န္ပီယံ စီးတီးဆီက အမွတ္ယူဖို႔ ာကိဳးစားရမွာပါ။ နယူးကာဆယ္က မန္စီးတီးနဲ႕ ေနာက္ဆံုး ပရီးမီးယားလိဂ္ ၂၂ ပြဲလံုး နုိင္ပြဲ ရမထားပါဘူး။ စီးတီးရဲ႕ လက္ရွိ ပံုစံေကာင္းကို ခ်ိဳးဖ်က္ဖို႔ နယူးကာဆယ္ မလံုေလာက္ေသးပါဘူး။

အခ်က္အလက္ေတြအရ ဒီပြဲက ဂြာဒီယိုလာရဲ႕ စီးတီးအတြက္ ပရီးမီးယားလိဂ္ ပြဲ ၁၀၀ ေျမာက္ပါ။ ျပိးခဲ့တဲ့ ၉၉ ပြဲမွာ နုိင္ပြဲ ၇၃ ပြဲ ထိ ရွိခဲ့ပါတယ္။ လက္ရွိ မွတ္တမ္းအရ ေမာ္ရင္ညိဳရဲ႕ ပြဲ ၁၀၀ မွာ ၇၃ မွတ္ နဲ႕ ညီေနေပမယ့္ နယူးကာဆယ္ကို နုိင္လိုက္ရင္ ပက္ဂြာဒီယိုလာ စံခ်ိန္သစ္ ရရွိသြားပါမယ္။ ဒီၾကားရက္ ပရီးမီးယားလိဂ္အပတ္ကေတာ့ မန္ခ်က္စတာ နည္းျပ နွစ္ေယာက္လံုး စံခ်ိန္သစ္ေတြ ရၾကဦးမွာပါ။

အိုဝင္ ခန္႕မွန္းရလဒ္။ ။ နယူးကာဆယ္ 0 – 2 မန္စီးတီး

Sports Home Time

[Unicode] နယူးကာဆယ် နဲ့ မန်စီးတီး ပွဲအတွက် ပွဲချိန်/ ထူးခြားသတင်း/ လူစာရင်း/ ပွဲကြို စိန်ခေါ်စကားများ/ ရေပန်းစားမှု/ ရလဒ်ခန့်မှန်းတွေကို စုစည်း ဖော်ပြထားတာ ဖြစ်ပါတယ်။

ဘယ်လိုပွဲလဲ?

ဂွာဒီယိုလာရဲ့ ပရီးမီးယားလိဂ် ပွဲ 100 ပြည့်ပွဲပါ။ မန်စီးတီးဟာ လီဗာပူးကို ဖိအားပေးတဲ့ အနေနဲ့ သွင်းဂိုးတွေ တော်တော်လေး သွင်းနေပါတယ်။ ဒီပွဲမှာ ဘင်နီတက်စ်ဟာ ခံစစ်ကို အားပြုလာဖွယ်ရှိပြီး ဂွာဒီယိုလာကတော့ အရင်အပတ်တွေနဲ့ ပြောင်းပြန်ပဲ နိုင်ပွဲကို ကြိုတင်ယူထားပြီး 24 နာရီ နောက်ကျကန်ရမယ့် လီဗာပူးကို တန်ပြန်ဖိအားပေးမှာပါ။ ဒီလိုပွဲမှာ ရလဒ်ထိခိုက်တာက စိတ်ပိုင်းဆိုင်ရာအရ အထိနာနိုင်လို့ မန်စီးတီး အမှားခံမှာ မဟုတ်ပါဘူး။

ဘယ်အချိန်ကန်မှာလဲ?

ဇန်နဝါရီ ၃၀၊ ဗုဒ္ဓဟူးနေ့ မနက် ၂း၃၀ နာရီ တိတိ ဖြစ်ပါတယ်။

နှစ်သင်းရဲ့ ထူးခြားသတင်း

အက်ဖ်အေဖလားမှာ နယူးကာဆယ်ဟာ အပြောင်းအလဲ ခုနှစ်ခု လုပ်ခဲ့ပါတယ်။ ရွန်ဒွန်လို တိုက်စစ်သမားကို ပြန်ခေါ်ခဲ့တယ်။ နယူးတိုက်စစ်သမား Joselu အပြင် Diame, Shelvey နဲ့ Ki Sung-yueng တို့ ဒဏ်ရာတွေကြောင့် ပါလာဖို့ မရှိဘူး။ မန်စီးတီး ဘယ်အစွန်လူ မန်ဒီ ပြန်ကစားနိုင်ပြီး ကွန်ပနီကတော့ မကစားနိုင်သေးပါဘူး။ ဆေးဗား၊ အဂွယ်ရို၊ လာပေါ်တေးတို့ ပွဲထွက်လူစာရင်းက ပြန်လာနိုင်ဖို့ ရှိပါတယ်။

လက်ရှိအဆင့်ရပ်တည်မှု

ပွဲကြိုပြောစကားများ

Rafael Benitez

” ထိပ်တန်းကစားသမားတွေ ရှိရင်တော့ တိုက်စစ်ကစားမှာပေါ့။ ဒါပေမယ့် ဟန်ချက်ညီဖို့ လိုပါတယ်။ ရမှတ်တစ်မှတ်နဲ့ ဂိုးကွာခြားချက်က အပြောင်းအလဲတွေ ဖြစ်သွားစေနိုင်ပါတယ်။ “

Pep Guardiola

” နယူးကာဆယ် နဲ့တွေ့ရင် အေးဆေးဖြစ်တဲ့ အသင်းမရှိဘူးလို့ ကျနော်ထင်တယ်။ ဒါကို ကျနော်တို့ အရင်ဆုံး ကစားရမှာဖြစ်ပြီး ပြီးရင်တော့ တနင်္ဂနွေနေ့မှာ အာဆင်နယ်နဲ့ပွဲအတွက် စဉ်းစားရမှာပါ။ နောက်တပွဲက အရေးကြီးပါတယ်။ “

အလေးပေးခြင်းများ

  • Newcastle to win: 17/1
  • Draw: 13/2
  • Man City to win: 1/5

ပွဲကြိုခန့်မှန်းမှု?

နယူးကာဆယ်က ကလပ်အသင်းတွင်း ပြဿနာတွေ များနေတာပါ။ အက်ဖ်အေဖလားမှာ ဘင်နီတက်စ် လုပ်လိုက်တဲ့ အပြောင်းအလဲတွေက နားမလည်နိုင်စရာပါပဲ။ အဲ့သည်အတွက် ပရိသတ်တွေနဲ့ အတိုက်အခံဖြစ်ဖို့တောင် ရှိပါတယ်။ နှစ်သင်းကြားမှာ ကွာဟချက်က သိပ်ကြီးပါတယ်။ မန်စီးတီးရဲ့ ဂိုးသွင်းယူနိုင်စွမ်း အရမ်းမြင့်လို့ နယူးကာဆယ်ဟာ ခံစစ်သမားတွေ ဆယ်ယောက်ထားပြီး ဂိုးသမားနဲ့ တွဲဘက် ပွဲထွက်စေမယ်လို့တောင် ခံစားနေရပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်။ ။ နယူးကာဆယ် 0-2 မန်စီးတီး

မန်စီးတီး နိုင်မယ်ဆိုတာကလွဲပြီး အခြား မမြင်ပါဘူး။ နယူးကာဆယ်ဟာ အက်ဖ်အေကနေ ထွက်ခဲ့ရသလို အခြေအနေ မကောင်းပါဘူး။ စီးတီးက အမြင့်ဆုံး အခြေအနေကို ရောက်နေပြီး စိန့်ဂျိမ်းပက်ခ်မှာလည်း ပုံစံကောင်းတွေကို ဆက်ပြမှာပါ။

ပေါလ်မာဆန်၏ ခန့်မှန်းရလဒ်။ ။ နယူးကာဆယ် 0-3 မန်စီးတီး

ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကားဒစ်ကို အိမ်ကွင်းမှာ ၃ ဂိုးပြတ် နိုင်ထားတဲ့ နယူးကာဆယ်က ဒီတပတ်မှာ လက်ရှိချန်ပီယံ စီးတီးဆီက အမှတ်ယူဖို့ ာကိုးစားရမှာပါ။ နယူးကာဆယ်က မန်စီးတီးနဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ၂၂ ပွဲလုံး နိုင်ပွဲ ရမထားပါဘူး။ စီးတီးရဲ့ လက်ရှိ ပုံစံကောင်းကို ချိုးဖျက်ဖို့ နယူးကာဆယ် မလုံလောက်သေးပါဘူး။

အချက်အလက်တွေအရ ဒီပွဲက ဂွာဒီယိုလာရဲ့ စီးတီးအတွက် ပရီးမီးယားလိဂ် ပွဲ ၁၀၀ မြောက်ပါ။ ပြိးခဲ့တဲ့ ၉၉ ပွဲမှာ နိုင်ပွဲ ၇၃ ပွဲ ထိ ရှိခဲ့ပါတယ်။ လက်ရှိ မှတ်တမ်းအရ မော်ရင်ညိုရဲ့ ပွဲ ၁၀၀ မှာ ၇၃ မှတ် နဲ့ ညီနေပေမယ့် နယူးကာဆယ်ကို နိုင်လိုက်ရင် ပက်ဂွာဒီယိုလာ စံချိန်သစ် ရရှိသွားပါမယ်။ ဒီကြားရက် ပရီးမီးယားလိဂ်အပတ်ကတော့ မန်ချက်စတာ နည်းပြ နှစ်ယောက်လုံး စံချိန်သစ်တွေ ရကြဦးမှာပါ။

အိုဝင် ခန့်မှန်းရလဒ်။ ။ နယူးကာဆယ် 0 – 2 မန်စီးတီး

Sports Home Time