ဒိတ်ဒိတ်ကြဲ တိုက်စစ်မှူးက လီဗာပူးကို မပြောင်းပေမယ့် ယူနိုက်တက် ဆိုရင် ခေါင်းညှိမ့်နိုင်ကြောင်း အိုဝင် မှတ်ချက်ပြု

မန်ချက်စတာ ယူနိုက်တက် တာဝန်ရှိသူတွေဟာ ဒီနွေမှာ ခေါ်ယူမှုကြီး အနည်းငယ် ပြုလုပ်ကာ တန်ဟက်ရဲ့ အသင်း ဆုဖလား စိန်ခေါ်နိုင်ရေး ထောက်ပံ့ပေးသွားတော့မှာပါ။

နည်းပြတန်ဟက်က ကွင်းလယ်လူ တစ်ဦး၊ ညာအစွန်လူနဲ့ ဂိုးသမား တစ်ဦးတို့ကို အလိုရှိနေတယ်။ သူအလိုရှိဆုံး နေရာကတော့ အထောင်တိုက်စစ်မှူး နေရာ ကစားပေးနိုင်မယ့်သူဖြစ်ပြီး ဟယ်ရီကိန်းကို သဘောကျတာကြောင့် ရာသီ မကုန်ခင်မှာတင် စတင်ချိတ်ဆက်နေပြီလို့ သိထားရပါတယ်။

မန်ယူနိုက်တက်နဲ့ လီဗာပူးအသင်းတွေမှာ ကစားခဲ့တဲ့ အိုဝင်ကတော့ စာချုပ် ၁၂ လပဲ ကျန်တော့တဲ့ ဟယ်ရီကိန်းဟာ စပါးက ထွက်ခွာခဲ့ရင် ကလော့ပ်ရဲ့ အသင်းထံ ပြောင်းမှာ မဟုတ်ပေမယ့် တန်ဟက်ရဲ့ အသင်းမှာ ကစားဖို့ကိုတော့ စဉ်းစားလိမ့်မယ်လို့ ဆိုပါတယ်။

“ ဒီနွေအတွက် စိတ်ဝင်စားစရာ ကိစ္စက ဟယ်ရီကိန်း စပါးအသင်းမှာ ဆက်နေမှာလား အသင်းပြောင်းမှာလား ဆိုတာပါပဲ။ ကျနော်ကတော့ သူ အခြား တစ်ခုခုကို ကြိုးစားကြည့်ဖို့ အချိန်ကျပြီလို့ ထင်ပါတယ်။ သူ့ဘဝ တစ်ခုလုံး စပါးမှာပဲ ရှိနေခဲ့တာမို့ ဒီနွေမှာ အသင်းပြောင်းရင် ဂုဏ်သတင်း ထိခိုက်မယ်လို့ ပြောဆိုတာတွေ ရှိတာပေါ့။

လီဗာပူးက တိုက်စစ်ပိုင်းကို ခေါ်ယူရေးအတွက် ငွေကြေး မရှိသလို မလိုအပ်တာလည်း ဖြစ်နိုင်ပါတယ်။ ဒီတော့ ကိန်းက မန်ချက်စတာ ယူနိုက်တက်ကို ရွေးချယ်နိုင်တယ်။ သူ့အနေနဲ့ ယူနိုက်တက်မှာ အောင်မြင်နိုင်မလား? အဲ့တာကိုတော့ နောက်နှစ်တွေမှ သိရပါမယ်။ ဒါက မေးခွန်းတစ်ခုပါ။

သူထွက်ခွာခြင်းက သူ့ရဲ့ ပုံရိပ်ကို ထိခိုက်စေမှာလား? သူက ဂိုးသွင်း မှတ်တမ်းကို ဆက်ပြီး ထိန်းလိုပါတယ် ဒီတော့ ဒီနိုင်ငံမှာ ဆက်ပြီး ကစားချင်မယ်ဆိုတာ သေချာပါတယ်။

မန်ချက်စတာ ယူနိုက်တက်တို့ ချိတ်ဆက်ခြင်း ခံရမှာက ဟယ်ရီကိန်းအတွက် ကောင်းပါတယ်။ ဒါပေမယ့် သူတို့က မန်စီးတီးနဲ့ အရမ်းကို ကွာဟနေဆဲဖြစ်ပါတယ်။ နောက်ရာသီမှာ မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ်ဖလား အနိုင်ရမှာ မဟုတ်ပါဘူး ” လို့ အိုဝင်က မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။