အာဆင်နယ်၊ လီဗာပူး အပါအဝင် ဒီအပတ် ပရီးမီးယားလိဂ် ပွဲတွေအတွက် ဆက်တန်ရဲ့ ပွဲရလဒ် ခန့်မှန်းများ

ဒီအပတ် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ဘီဘီစီမှ ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်နဲ့ ခန့်မှန်း ရလဒ်တွေကို ဖော်ပြသွားပါမယ်။

အာဆင်နယ် Vs ဆောက်သမ်တန်

အာဆင်နယ်က ပြီးခဲ့တဲ့ အပတ် ဝက်စ်ဟမ်းနဲ့ ပွဲမှာ ၂ဂိုးအသာနဲ့ ဦးဆောင်ပြီးခါမှ သရေကျ ခြေချော်ခဲ့တာ အတွက် ကြိတ်မနိုင် ခဲမရ ဖြစ်နေပါလိမ့်မယ်။ ခင်ဗျားသာ ကစားသမား တစ်ယောက်ဆို ဒီလို အခိုက်အတန့်တွေက ကိုယ့် အသင်းကိုယ် ပြန် သံသယ ဝင်မယ့် အချိန်တွေပါ။

ကျနော် ၁၉၉၅ မှာ ဘလက်ဘန်းအသင်းနဲ့ အတူ ဖလားရတုန်းက ဒီလို အခြေအနေမျိုးတွေ ကြုံခဲ့ဖူးပါတယ်။ အဲဒီတုန်းက ကျနော်တို့ ပြိုင်ဘက်က မန်ချက်စတာ ယူနိုက်တက် ဖြစ်ပြီး ရာသီကုန် နောက်ဆုံးပတ်တွေမှာ ဖိအား မျိုးစုံ ရင်ဆိုင်ခဲ့ရတယ်။

အခု အာဆင်နယ်ကလည်း အဲဒီလို ဖြစ်နေပါတယ်။ သူတို့ ကစားသမားတွေက ပြီးခဲ့တဲ့အပတ်က ပွဲအပြီး အဝတ်လဲခန်းထဲ ဝင်သွားချိန်မှာ အတော် ခံရခက်နေလိမ့်မယ်။ ကိုယ်က ၂ဂိုး အသာ ဦးဆောင်ပြီးမှ သရေကျသွားတာ ဆိုတာ မတူညီတဲ့ ဖီလင်တစ်ခုပါပဲ။

ဖိအားတွေက အာတီတာ အပေါ်လည်း ကျရောက်နေမှာပါ။ ဒါပေမယ့် သူတို့ ပွဲတွေကို ပြန် ထိန်းချုပ် လွှမ်းမိုး နိုင်ဖို့ လိုပါပြီ၊ ဒီပွဲကနေ ပြန်စပြီးတော့ပေါ့။

လာမယ့် ဗုဒ္ဓဟူးနေ့မှာ အီတီဟက်ကို သွားပြီး မန်စီးတီးကို ရင်ဆိုင်ရမှာ ဖြစ်လို့ အဲဒီပွဲ မတိုင်ခင် ဒီပွဲဟာ လမ်းကြောင်းမှန်ပေါ် ပြန်တက်ဖို့ အာဆင်နယ် နိုင်ကို နိုင်ရမယ့် ပွဲပါ။ ဇယားအောက်နားက အသင်းနဲ့ တွေ့ချိန်မှာ အာဆင်နယ် အမှတ်လျော့ဖို့ တွေးကို တွေးကြည့်လို့ မရပါဘူး။ တကယ်သာ အမှတ်လျော့ရင် ဖလား မျှော်လင့်ချက်က လက်လွှတ်ရမှာပါ။

ဆောက်သမ်တန် အတွက်ကလည်း ဒီပွဲက နိုင်ကို နိုင်မှ ဖြစ်မယ့် ပွဲပါ။ သူတို့ အခြေအနေနဲ့ ဘယ်အသင်းနဲ့ ကန်ကန် တစ်မှတ် ရရင်ကို ပျော်နိုင်မယ့် အနေအထား မဟုတ်ဘူး။

လူ တော်တော်များများက သူတို့ တန်းဆင်းပြီ လို့ တွေးထားတာကြောင့် ဖိအားက နည်းနည်းတော့ ပြန်လျော့ကောင်း လျော့နေမှာပါ။ ဒါပေမယ့် အမ်းမရိတ်မှာတော့ သူတို့ ဘာမှ လုပ်ပြနိုင်မယ်လို့ ကျနော် မထင်ထားဘူး။

ခရစ်ဆက်တန် ခန့်မှန်းရလဒ်။ ။ အာဆင်နယ် ၂-၀ ဆောက်သမ်တန်

လီဗာပူး Vs ဖောရက်

ဒီပွဲက ဒီတပတ်ထဲမှာ ကျနော် ယုံကြည်မှု အရှိဆုံး မှန်းရမယ့် ပွဲတစ်ပွဲ ဖြစ်နိုင်ပါတယ်။ နော့တင်ဟမ် ဖောရက်စ်ရဲ့ အဝေးကွင်း ခြေစွမ်း ဆိုးဝါးနေတဲ့ အပေါ် ကြည့်ပြီး ပြောတာပါ။

ဖောရက်စ် နည်းပြ စတိဗ် ကူးပါးက ပြီးခဲ့တဲ့ အပတ်မှာ အသင်း ပိုင်ရှင်ဆီက ထောက်ခံမှု ရထားပါတယ်၊ ဒါပေမယ့် ရလဒ်တွေ တိုးတက်လာဖို့ လိုကြောင်းလည်း ပြောခံထားရတာပါ။ ခုထိတော့ မထူးသေးပါဘူး။

ကျနော်ကတော့ ကူးပါး အခုထိ ရာထူးမြဲနေတာကို အံ့အားသင့်နေမိပါတယ်။ သူ ထုတ်ခံရသင့်ပြီလို့ ကျနော် ပြောချင်တာတော့ မဟုတ်ပါဘူး။ ဖောရက်စ်ရဲ့ ၁ဝ ပွဲဆက် နိုင်ပွဲ ပျောက်နေတာက အန်းဖီးမှာလည်း အဆုံးသတ်ဖွယ် မမြင်ဘူး။

လီဗာပူးက တိုက်စစ်မှာ ဒီယေဂို ဂျိုတာနဲ့ ဒီယက်စ် ဒဏ်ရာကနေ ပြန်လာကြပြီ ဖြစ်လို့ အတော် တောင့်တင်း နေပါတယ်။ ယာဂင်ကလော့ပ် က ပက် ဂွာဒီယိုလာရဲ့ ဗျူဟာမျိုး သုံးပြီး ထရန့် အလက်ဇန်းဒါး အာနိုးကို နေရာသစ်မှာ သုံးနေပါပြီ။ ဒါက တကယ်လည်း အလုပ် ဖြစ်နေတယ်။ ဒီပွဲမှာ ဂိုးတွေ များမျာ မြင်ရဦးမှာပါ။

ခရစ်ဆက်တန် ခန့်မှန်းရလဒ်။ ။ လီဗာပူး ၃-၀ ဖောရက်

နယူးကာဆယ် Vs စပါး

ဒီပွဲက ပွဲကြီးပွဲကောင်း တစ်ပွဲပါ။ နယူးကာဆယ်က တော့တင်ဟမ်ကို အသာစီးရဖို့ ကြိုးစားပါလိမ့်မယ်။ အပြန် အလှန် ဖွင့်ကစားပြီး အကြိတ်အနယ် ရှိမှာပါ။ နယူးကာဆယ်က ပြီးခဲ့တဲ့ အပတ် ဗီလာကို ရှုံးတာကနေ ပြန်လာဖို့ ကြိုးစားပါလိမ့်မယ်။

ခရစ်ဆက်တန် ခန့်မှန်းရလဒ်။ ။ နယူးကာဆယ် ၃-၁ စပါး

အခြားပွဲစဉ်များ အတွက် ဆက်တန် ခန့်မှန်းရလဒ်များ

  • Fulham 2-1 Leeds
  • Brentford 1-2 Aston Villa
  • Crystal Palace 1-1 Everton
  • Leicester 1-1 Wolves
  • Bournemouth 0-0 West Ham