ပြည်တွင်းဖလားတွေထက် ခမ်းနားတဲ့ ချန်ပီယံလိဂ် ဝင်ခွင့် လက်ကျန်နှစ်နေရာ အတွက် ဘယ်အသင်းတွေ ဘယ်လို ယှဉ်ပြိုင်ကြမလဲ

ဘောလုံး ပရိသတ်တွေနဲ့ သုံးသပ်သူတွေ အမြင်မှာတော့ ချန်ပီယံလိဂ် ဝင်ခွင့်ဟာ အက်ဖ်အေဖလား၊ ကာရာဘောင်း ဖလားတို့မှာ ချန်ပီယံ ဖြစ်တာထက် ပို ကောင်းတယ်လို့ မြင်ကြပါတယ်၊ ဒါဟာ ဥရောပ ထိပ်သီး ချန်ပီယံလိဂ်က ဘယ်လောက် ကြီးကျယ် ခမ်းနားတယ် ဆိုတာ မြင်သာစေတဲ့ အချက် ဖြစ်ပါတယ်။

ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ဒီရာသီ ပရီးမီးယားလိဂ် ထိပ်ဆုံး လေးနေရာမှာ အာဆင်နယ်နဲ့ မန်စီးတီး နှစ်နေရာကတော့ သေချာပြီ ဆိုနိုင်ပြီး ကျန်တဲ့ နှစ်နေရာ အတွက် မန်ချက်စတာယူနိုက်တက်၊ တော့တင်ဟမ် စပါး၊ နယူးကာဆယ်၊ လီဗာပူးနဲ့ ဘရိုက်တန် အသင်းတို့က အကြိတ်အနယ် ကြိုးစားနေဆဲပါ။

အခုချိန်ထိ ဘယ် နှစ်သင်းက လက်ကျန် နှစ်နေရာကို ယူသွားမလဲ ဆိုတာ ကြိမ်းသေးပေါက် ပြောနိုင်တဲ့ အနေအထား မရှိသေးပါဘူး။ Mirror သတင်းဌာနက ကလပ်အသင်းတွေရဲ့ လက်ကျန်ပွဲစဉ်နဲ့ အလားအလာ ကို အခုလို သုံးသပ်ထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်

Current position: 3rd
Points tally: 50
Games remaining: 12

ကာရာဘောင်းဖလားချန်ပီယံတွေဟာ အဆင့် ၅ နေရာက နယူးကာဆယ်ထက် ၃မှတ်အသာရထားပြီး အဆင့်၄ နေရာက စပါးထက် ၂ပွဲလျော့ ကစားထားပါတယ်။ ယူနိုက်တက်ရဲ့ လက်ကျန်ပွဲတွေက သိပ်ပြီး လန့်စရာ မကောင်းပါဘူး။ နယူးကာဆယ်၊ စပါး၊ ဘရိုက်တန်တို့နဲ့ အဝေးကွင်းပွဲတွေ ရှိသေးပေမယ့် အာဆင်နယ်၊ မန်စီးတီး၊ လီဗာပူးတို့ကို ၂ပွဲစီ ကစားခဲ့ပြီးတာကြောင့် နေသာပါတယ်။

သူတို့စိုးရိမ်ရမှာက တခြားပြိုင်ပွဲတွေကိုပါ အာရုံစိုက် နေရတာပါ။ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ရောက်ထားပြီး ဆီဗီလာနဲ့ နှစ်ကျော့ ၊ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ဘရိုက်တန်နဲ့ တွေ့ရဦးမှာပါ။

လက်ကျန် ပွဲစဉ်များ။ ။ Newcastle (A), Brentford (H), Everton (H), Nottingham Forest (A), Tottenham (A), Aston Villa (H), West Ham (A), Wolves (H), Bournemouth (A), Fulham (H), Chelsea (H, date TBC), Brighton (A, date TBC).

တော့တင်ဟမ် စပါး

Current position: 4th
Points tally: 49
Games remaining: 10

အဆင့်လေးမှာ ရှိပေမယ့်လဲ သူတို့ရဲ့ ထိပ်ဆုံးလေးနေရာ စိန်ခေါ်မှုက ပြီးခဲ့တဲ့အပတ်တွေအတွင်း ယိုယွင်းသွားခဲ့တာပါ။ သူတို့ဟာ ထိပ်ဆုံးလေးသင်းပြိုင်ဘက်တွေဖြစ်တဲ့ မန်ယူနိုက်တက်၊ နယူးကာဆယ်၊ လီဗာပူး၊ ဘရိုက်တန်တို့ထက် အနည်းဆုံး ၂ပွဲ ပိုကစားထားပြီး ဖြစ်ပါတယ်။ သူတို့ဟာ ထိပ်ဆုံးလေးနေရာကို စိန်ခေါ်နိုင်နေသေးတယ်ဆိုပေမယ့် နည်းပြကွန်တီရဲ့ အခြေအနေ မရေရာမှုက စိုးရိမ်စရာ ဖြစ်ပါတယ်။

လက်ကျန် ပွဲစဉ်များ။ ။ Everton (A), Brighton (H), Bournemouth (H), Newcastle (A), Man Utd (H), Liverpool (A), Crystal Palace (H), Aston Villa (A), Brentford (H), Leeds (A).

နယူးကာဆယ်

ကာရာဘောင်းဖလားဖိုင်နယ်ရှုံးပွဲနဲ့ တိုက်ဆိုင်ခဲ့တဲ့ ခက်ခဲတဲ့ကာလအပြီး ဆက်တိုက်နိုင်ပွဲတွေက အက်ဒီဟောင်းရဲ့ အသင်း အတွက် ထိပ်ဆုံးလေးနေရာထဲ ပြန်ရောက်လာစေခဲ့ပါတယ်။ သူတို့တွေ ဆာဘော်ဘီ ရော့ဘ်ဆန် လက်အောက် နောက်ဆုံးအကြိမ် ချန်ပိယံလိဂ်ပွဲ ကစားခဲ့တာဟာ နောက်ရာသီဆို အနှစ်၂၀ ပြည့်တော့မှာဖြစ်လို့ အနှစ်၂၀ပြည့်မှာ ဥရောပထိပ်တန်းလိဂ်ကို ပြန်လာဖို့ အလိုရှိနေပါလိမ့်မယ်။

နယူး ကာဆယ်ရဲ့ လက်ကျန်ပွဲတွေဟာ မန်ယူနိုက်တက်၊ စပါးတို့ထက် ပိုမိုခက်ခဲပြီး အာဆင်နယ်နဲ့ အရေးကြီး အိမ်ကွင်း ပွဲကို မေ၆ ရက်မှာ ကစားရဦးမှာပါ။ သူတို့ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ထိုက်တန်မှုကို ဧပြီ၁၂ရက်နေ့ ယူနိုက်တက်နဲ့ ပွဲမှာ စမ်းသပ်နိုင်ပါလိမ့်မယ်။

လက်ကျန် ပွဲစဉ်များ။ ။ Man Utd (H), West Ham (A), Brentford (A), Aston Villa (A), Tottenham (H), Everton (A), Southampton (H), Arsenal (H), Leeds (A), Leicester (H), Chelsea (A).

လီဗာပူး

Current position: 6th
Points tally: 42
Games remaining: 12

ယာဂန်ကလော့ပ်ရဲ့အသင်းဟာ ထိပ်ဆုံးလေးသင်းထဲဝင်ဖို့ဆိုရင် မဆုတ်မနစ်တဲ့ အကောင်းဆုံး ပုံစံမှာ ရှိနေဖို့ လိုပါလိမ့်မယ်။ နောက်ဆုံးအနေနဲ့ ၂၀၂၀-၂၁ ရာသီတုန်းကလဲ သူတို့ လုပ်ပြခဲ့ပြီးပါပြီ။ ဒါပေမယ့် အခု ထပ်မံ လုပ်ပြနိုင်ပါ့မလား။

လီဗာပူးအတွက် သတင်းဆိုးက နောက်၃ပွဲအတွင်း မန်စီးတီး၊ ချယ်ဆီး၊ အာဆင်နယ်တို့နဲ့ ကစားရမှာ ဖြစ်နေတာပါ။ ဒီပွဲတွေက သူတို့ရဲ့ ရာသီနဲ့ ထိပ်ဆုံးလေးနေရာပြိုင်ပွဲကို အဆုံးအဖြတ် ပေးပါလိမ့်မယ်။ နောက်၃ပွဲထဲကနေ ၇မှတ် ဒါမှမဟုတ် ၉မှတ်လောက် ယူနိုင်ရင် သူတို့တွေ အဆုံးထိလျှောက်လှမ်းဖို့ ယုံကြည်မှုရသွားမှာပါ။

လက်ကျန် ပွဲစဉ်များ။ ။ Man City (A), Chelsea (A), Arsenal (H), Leeds (A), Nottingham Forest (H), West Ham (A), Tottenham (H), Brentford (H), Leicester (A), Aston Villa (H), Southampton (A), Fulham (H, date TBC).

ဘရိုက်တန်

Current position: 7th
Points tally: 42
Games remaining: 12

ပရီးမီးယားလိဂ်ရဲ့ ၃၁နှစ် သမိုင်းအတွင်း ထူးဆန်းတဲ့အရာတွေ ဖြစ်ခဲ့ပြီး ဘရိုက်တန်လိုအသင်းကို စာရင်းထဲက ဖယ်ထားရင်တော့ ရူးနေလို့ပဲ ဖြစ်ပါလိမ့်မယ်။ ဒီဇာဘီရဲ့အသင်းဟာ အခုချိန်မှာ အမြင့်ပျံသန်းနေပြီးတော့ အက်ဖ်အေ ဖလားမှာလဲ ဂရင်စဘီတောင်းကို ၅-၀ နဲ့ အနိုင်ရထားပါတယ်။ သူတို့အတွက် သတင်းဆိုးကတော့ ရာသီ မကုန်ခင် အာဆင်နယ်၊ မန်စီးတီးတို့နဲ့ ကစားရမှာဖြစ်ပြီး စပါး၊ ချယ်ဆီးတို့နဲ့ အဝေးကွင်းပွဲတွေကလဲ စိန်ခေါ်နေပါလိမ့်မယ်။ သူတို့အတွက် သိပ်ကို ကျဲလွန်းတဲ့ ခြေတစ်လှမ်း ဖြစ်နိုင်ပါတယ်။

လက်ကျန် ပွဲစဉ်များ။ ။ Brentford (H), Bournemouth (A), Tottenham (A), Chelsea (A), Nottingham Forest (A), Wolves (H), Everton (H), Arsenal (A), Southampton (H), Aston Villa (A), Man City (H, date TBC).