ယူႏိုက္တက္နဲ႔ ခ်န္ပီယံလိဂ္ ပ-ေက်ာ့ကို ေနမာအျပင္ ေနာက္ထပ္ အသင္းေဖာ္တစ္ဦးပါ လြဲေခ်ာ္မည္

[Zawgyi] ပီအက္ဂ်ီမန္ေနဂ်ာ ေသာမက္တူခ်က္က ေနမာရဲ႕ ေျခေထာက္ဒဏ္ရာ သက္သာလာဖို႔ အေျခအေနကို ေစာင့္ေမွ်ာ္ေနေပမယ့္ မၾကာခင္ ယွဥ္ျပိဳင္ရမယ့္ ယူႏုိက္တက္နဲ႔ ခ်န္ပီယံလိဂ္ ပထမအေက်ာ့ကို လြဲဖို႔ မ်ားေနတယ္ဆိုတာကို သတင္းေပးလာပါတယ္။

ဒီအပတ္က ျပင္သစ္ဖလားျပိဳင္ပြဲမွာ Strasbourg အသင္းနဲ႔ ရင္ဆုိင္ကစားစဥ္ ေျခေထာက္ဒဏ္ရာရခဲ့တဲ့ ေနမာရဲ႕ အေျခအေနက ေစာင့္ၾကည့္ေနဆဲ အဆင့္မွာပဲ ရွိေနပါတယ္။ သူ႔ရဲ႕ဒဏ္ရာအေျခအေနက လာမယ့္အပတ္ေတြမွာ ပိုသိလာရမွာျဖစ္ေပမယ့္ အၾကိဳေဆးစစ္မႈေတြအရေတာ့ ခ်န္ပီယံလိဂ္ပြဲအမွီ ျပန္သက္သာလာဖို႔ သံသယရွိစရာ အေနအထားျဖစ္တယ္။

ျပင္သစ္သတင္းဌာနေတြကေတာ့ ေနမာဟာ ယူႏုိက္တက္နဲ႔ ခ်န္ပီယံလိဂ္ ပထမအေက်ာ့မွာ ပါဝင္ႏုိင္ဖို႔ အခြင့္အေရး အနည္းငယ္ပဲ ရွိတယ္လုိ႔ သတင္းေတြ ထုတ္ျပန္ေနပါတယ္။

ဂ်ာမာန္သား မန္ေနဂ်ာၾကီး တူခ်ယ္ကေတာ့ ‘ ေနမာအေၾကာင္း ေျပာဖို႔ကေတာ့ အရမ္းေစာေနပါေသးတယ္။ သူနဲ႔ ဗာရက္တီတို႔ရဲ႕ အေျခအေနက က်ေနာ္တုိ႔အတြက္ ဝမ္းနည္းစရာ အေျခအေန ျဖစ္ပါတယ္။ ႏုိင္ပြဲေတြ ဆက္လက္ရယူဖို႔ရာ အေျခအေနေတြကို စုစည္း ရွာေဖြသြားရမွာပါ ‘ လို႔ ဆိုပါတယ္။

ပီအက္ဂ်ီကြင္းလယ္လူဟာ ေနာက္လ အိုထရတ္ဖိုဒ့္မွာ ယွဥ္ျပိဳင္ရမယ့္ ခ်န္ပီယံလိဂ္ပြဲမွာ ပါဝင္ႏုိင္ဖုိ႔ ၾကံ႕ခိုင္မႈပိုင္းဆိုင္ရာ ရုန္းကန္ေနရတာျဖစ္တယ္။ အီတလီကြင္းလယ္လူဟာ ေျခက်င္းဝတ္ ဒဏ္ရာကေန ျပန္သက္သာမလာေသးတာျဖစ္တယ္။ သီယာဂိုေဆးဗားကေတာ့ ေနမာနဲ႔ ဗာရက္တီ မပါႏိုင္မႈကို အသင္းက အေကာင္းဆံုး တုန္႔ျပန္ႏုိင္မယ္လို႔ ယံုၾကည္ခ်က္ ရွိေနပါတယ္။

ေဆးဗားက ‘ ေနမာနဲ႔ မာကိုလို အဓိက ကစားသမားေတြကို လက္လြတ္ရတာက ခက္ခဲပါတယ္။ က်ေနာ္တုိ႔က ၾကံ႕ခို္င္တဲ့ စိတ္ဓါတ္ေတြ ပိုင္ဆိုင္ထားပါတယ္။ အလုပ္ကို အေကာင္းဆံုး လုပ္ႏုိင္မယ္ အရည္အခ်င္းျပည့္ ကစားသမားေတြ အသင္းမွာ ရွိေနပါတယ္ ‘ လို႔ ယံုၾကည္ခ်က္ရွိေနေၾကာင္း သူ႔ရဲ႕အျမင္ကို ထုတ္ေျပာထားပါတယ္။

Sports Home Time

[Unicode] ပီအက်ဂျီမန်နေဂျာ သောမက်တူချက်က နေမာရဲ့ ခြေထောက်ဒဏ်ရာ သက်သာလာဖို့ အခြေအနေကို စောင့်မျှော်နေပေမယ့် မကြာခင် ယှဉ်ပြိုင်ရမယ့် ယူနိုက်တက်နဲ့ ချန်ပီယံလိဂ် ပထမအကျော့ကို လွဲဖို့ များနေတယ်ဆိုတာကို သတင်းပေးလာပါတယ်။

ဒီအပတ်က ပြင်သစ်ဖလားပြိုင်ပွဲမှာ Strasbourg အသင်းနဲ့ ရင်ဆိုင်ကစားစဉ် ခြေထောက်ဒဏ်ရာရခဲ့တဲ့ နေမာရဲ့ အခြေအနေက စောင့်ကြည့်နေဆဲ အဆင့်မှာပဲ ရှိနေပါတယ်။ သူ့ရဲ့ဒဏ်ရာအခြေအနေက လာမယ့်အပတ်တွေမှာ ပိုသိလာရမှာဖြစ်ပေမယ့် အကြိုဆေးစစ်မှုတွေအရတော့ ချန်ပီယံလိဂ်ပွဲအမှီ ပြန်သက်သာလာဖို့ သံသယရှိစရာ အနေအထားဖြစ်တယ်။

ပြင်သစ်သတင်းဌာနတွေကတော့ နေမာဟာ ယူနိုက်တက်နဲ့ ချန်ပီယံလိဂ် ပထမအကျော့မှာ ပါဝင်နိုင်ဖို့ အခွင့်အရေး အနည်းငယ်ပဲ ရှိတယ်လို့ သတင်းတွေ ထုတ်ပြန်နေပါတယ်။

ဂျာမာန်သား မန်နေဂျာကြီး တူချယ်ကတော့ ‘ နေမာအကြောင်း ပြောဖို့ကတော့ အရမ်းစောနေပါသေးတယ်။ သူနဲ့ ဗာရက်တီတို့ရဲ့ အခြေအနေက ကျနော်တို့အတွက် ဝမ်းနည်းစရာ အခြေအနေ ဖြစ်ပါတယ်။ နိုင်ပွဲတွေ ဆက်လက်ရယူဖို့ရာ အခြေအနေတွေကို စုစည်း ရှာဖွေသွားရမှာပါ ‘ လို့ ဆိုပါတယ်။

ပီအက်ဂျီကွင်းလယ်လူဟာ နောက်လ အိုထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲမှာ ပါဝင်နိုင်ဖို့ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ ရုန်းကန်နေရတာဖြစ်တယ်။ အီတလီကွင်းလယ်လူဟာ ခြေကျင်းဝတ် ဒဏ်ရာကနေ ပြန်သက်သာမလာသေးတာဖြစ်တယ်။ သီယာဂိုဆေးဗားကတော့ နေမာနဲ့ ဗာရက်တီ မပါနိုင်မှုကို အသင်းက အကောင်းဆုံး တုန့်ပြန်နိုင်မယ်လို့ ယုံကြည်ချက် ရှိနေပါတယ်။

ဆေးဗားက ‘ နေမာနဲ့ မာကိုလို အဓိက ကစားသမားတွေကို လက်လွတ်ရတာက ခက်ခဲပါတယ်။ ကျနော်တို့က ကြံ့ခိုင်တဲ့ စိတ်ဓါတ်တွေ ပိုင်ဆိုင်ထားပါတယ်။ အလုပ်ကို အကောင်းဆုံး လုပ်နိုင်မယ် အရည်အချင်းပြည့် ကစားသမားတွေ အသင်းမှာ ရှိနေပါတယ် ‘ လို့ ယုံကြည်ချက်ရှိနေကြောင်း သူ့ရဲ့အမြင်ကို ထုတ်ပြောထားပါတယ်။

Sports Home Time