ကွာတားဖိုင်နယ် အဆင့် ရောက်ရှိအပြီး ဒီရာသီ ချန်ပီယံလိဂ်ဖလား အနိုင်ရရေး ရေပန်းစားမှုများ

ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲတွေ ပြီးဆုံးခဲ့တာကြောင့် ကွာတားဖိုင်နယ် အဆင့် ၈ သင်း ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။

မဲခွဲမှုကို ဒီအပတ်မှာ ပြုလုပ်မှာဖြစ်ပြီး ကွာတား၊ ဆီမီးဖိုင်နယ်နဲ့တကွ ဖိုင်နယ် လမ်းကြောင်းကိုပါ မြင်လာရတော့မှာပါ။ ကွာတားဖိုင်နယ် အဆင့်ကို ရောက်ရှိလာအပြီး ဒီရာသီ ချန်ပီယံလိဂ်ဖလား အောင်မြင်ဖို့ အဆင့် သတ်မှတ်ချက် အသစ် ထွက်ပေါ်လာမှုကို Sports Home Time ပရိသတ်တွေအတွက် ဖော်ပြလိုက်ပါတယ်။

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကိုတော့ အင်္ဂလန်ကလပ်တွေထဲက မန်စီးတီး၊ ချယ်ဆီး၊ အီတလီကလပ်တွေထဲက အင်တာမီလန်၊ အေစီမီလန်၊ နာပိုလီ၊ ဂျာမနီကလပ်တွေထဲက ဘိုင်ယန်မြူးနစ်၊ စပိန်ကလပ်တွေထဲက ရီးရဲလ်မက်ဒရစ်နဲ့ ပေါ်တူဂီ ကလပ်တွေထဲက ဘင်ဖီကာတို့ တက်ရောက်လာခဲ့ပါတယ်။

ဒီအဆင့်ကနေစလို့ အုပ်စုတွင်း ပြိုင်ဘက်တွေ၊ တစ်နိုင်ငံတည်း ကလပ်တွေ ထိပ်တိုက် ပြန်တွေ့ခွင့်ရနေတာမို့ အင်္ဂလန်အသင်းချင်း ဒါမှမဟုတ် အီတလီ အသင်းချင်း အတွဲကျမှုတွေ ရှိလာနိုင်ပါတယ်။

ဒီရာသီ ချန်ပီယံလိဂ်ကို အနိုင်ရဖို့ ရေပန်းအစားဆုံး အသင်းအဖြစ် မန်စီးတီးက ထိပ်ဆုံးမှာ ဆက်ရှိနေပါတယ်။ ဒုတိယနေရာမှာ ဘိုင်ယန်မြူးနစ်၊ တတိယနေရာမှာ ရီးရဲလ်မက်ဒရစ်၊ စတုတ္ထနေရာမှာ နာပိုလီနဲ့ ပဉ္စမနေရာမှာ ချယ်ဆီးတို့ ရပ်တည်နေပါတယ်။ နောက်မှာတော့ အေစီမီလန်၊ ဘင်ဖီကာ၊ အင်တာမီလန်တို့ ဖြစ်ပါတယ်။

ဒီရေပန်းစားမှုဟာ ကွာတားဖိုင်နယ် ၈ သင်း ပေါ်ထွက်လာအပြီး ထွက်ပေါ်လာမှု ဆိုပေမယ့် မဲခွဲမှုအပေါ် မူတည်ပြီး အပြောင်းအလဲ ရှိလာနိုင်တာပဲ ဖြစ်ပါတယ်။