မက်ဆီကို အပြစ်မပြောနဲ့ အဆိုးရွားဆုံး အရှုံးသမား အမ်ဘတ်ပီကိုလည်း ကြည့်ဦးလို့ ဝေဖန်

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့မှာ ဘိုင်ယန်မြူးနစ်က ပီအက်စ်ဂျီကို ၂-၀ ဖြင့် အနိုင်ရခဲ့ကာ နှစ်ကျော့ပေါင်း ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ကွာတားဖိုင်နယ် အဆင့်ထံ တက်ရောက်သွားပြီ ဖြစ်ပါတယ်။

နည်းပြဂါတီယာက သူနဲ့တကွ စတားကစားသမားတွေဟာ အရေးနိမ့်ခြင်းအတွက် စိတ်ပျက်ရတယ်လို့ ဝန်ခံသွားခဲ့တယ်။ ဒါပေမယ့်လို့ ဒီအရှုံးရလဒ်ကို ပြည်တွင်း အမှတ်ပေးဖလားဖြစ်တဲ့ လီဂူးဝမ်းဖလား အောင်နိုင်ရေးအတွက် တွန်းအားတစ်ခုအဖြစ် ပြောင်းလဲသွားမယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း များစွာသော ပီအက်စ်ဂျီပရိသတ်တွေက ချန်ပီယံလိဂ် ရည်မှန်းချက် ကျရှုံးခဲ့ပြန်ခြင်းအတွက် မက်ဆီ ဦးဆောင်တဲ့ ကစားသမားတွေကို ဝေဖန်ခဲ့ကြတယ်။ များစွာသော ပရိသတ်တွေကတော့ မက်ဆီထံ ဝေဖန်မှုတွေ ရောက်ရှိခြင်းကို ဘဝင်မကျခဲ့ကြပါဘူး။

ပရိသတ် တစ်ဦးက ” တစ်ပွဲလုံး ပြိုင်ဘက် ကစားသမားတွေ လူချတာကို ခံနေရတဲ့ မက်ဆီကို လာအပြစ်တင်နေတယ်။ ဒီနှစ်တွေထဲ အဆိုးရွားဆုံး အရှုံးသမားဖြစ်နေတဲ့ သူတို့ရဲ့ အနာဂတ် goat ကြီး တစ်ပွဲလုံး ကြောင်ပျောက်နေတာတော့ မပြောဘူး “လို့ အမ်ဘတ်ပီကို ဦးတည် ဝေဖန်ခဲ့တယ်။

နောက်တစ်ဦးက ” ပီအက်စ်ဂျီက ဟာသပဲ။ ချန်ပီယံလိဂ်မှာဆို မက်ဆီ တစ်ဦးတည်းကိုပဲ အမြဲ လက်ညှိုးထိုးကြတယ်။ သူတို့အသင်း ကစားသမားတိုင်းက ချန်ပီယံလိဂ်မှာ မကြာခဏ ကျရှုံးကြသူတွေချည်းပဲ။ သူတို့ရဲ့ GOAT အလောင်းအလျာဆိုရင် အချက်အလက်တောင် မကောင်းရှာဘူး ” လို့ မှတ်ချက်ပေးပါတယ်။

အခြားတစ်ယောက်ကလည်း ” ဘမ်ဘတ်ပီက ရီးရဲလ်ကို ငြင်းပြီး သန်း ၂၀၀ ဆုကြေးရမယ့် ပီအက်စ်ဂျီမှာ ဆက်နေတယ်။ ကမ္ဘာ့ဖလားတင် မဟုတ်ဘဲ ချန်ပီယံလိဂ်ကနေ အရှုံးနဲ့ လှည့်ပြန်ရတယ်။ နေမာလို သူ့ရဲ့ ဂန္တဝင်ပုံရိပ် ပျက်ဆီးသွားတာ မမြင်ချင်ရင် ဘတ်ပီက ရီးရဲလ်ကို ပြောင်းသင့်ပါပြီ ” လို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။