ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် ဘီဘီစီမှ ခရစ် ဆက်တန်ရဲ့ ခန့်မှန်းချက်တွေ ထွက်လာပါပြီ။
ဘရန့်ဖိုဒ့် V လီဗာပူး
ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဒီပွဲဟာ ၃-၃ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာလည်း ဘရန့်ဖိုဒ့်က လီဗာပူးကို ယှဉ်ပြိုင်ဦးမှာဖြစ်ပေမယ့်လို့ ဝက်စ်ဟမ်းပွဲမှာ ဒဏ်ရာရထားတဲ့ တိုနေးရဲ့ ကြံ့ခိုင်မှုဆိုင်ရာ ကိစ္စအပေါ်မှာ သူတို့ အများကြီး မျှော်လင့်နေကြမှာ ဖြစ်ပါတယ်။
တိုနေး ပါပါ မပါပါ လီဗာပူးက တိုက်စစ်ပိုင်းမှာ အခွင့်အရေး ဖန်တီးနိုင်မှုတွေ ရှိနေဆဲပါ။ ကျနော်က ဒါဝင် နူးညက်စ်ရဲ့ ပရိသတ်ဖြစ်ပြီး ဖန်တစီမှာ သူ့ကို ကျနော် အသင်းထဲ ထည့်ထားပါတယ်။ လက်တလောမှာ အခွင့်အရေး ကောင်းတွေကို သူ လွဲချော်နေပေမယ့် အခြေအနေကောင်းတွေနဲ့အတူ ဒီပွဲကို ကစားမှာပါ။

အာဆင်နယ် V နယူးကာဆယ်
ပြီးခဲ့တဲ့ အပတ်တုန်းက ဒီနှစ်သင်းအတွက် ကျနော်ရဲ့ ခန့်မှန်းတွေ မှားခဲ့ပါတယ်။ နယူးကာဆယ်က လိစ်ဒ်ယူနိုက်တက်ကို အနိုင်မရခဲ့ဘူး။ ဘရိုက်တန်ကို အာဆင်နယ် ရှုံးမယ်ဆိုတဲ့ ခန့်မှန်းကတော့ ပိုလို့တောင် မမှန်ခဲ့ပါဘူး။ ပွဲပြီးခါနီး အာဆင်နယ်ကို ဘရိုက်တန်တို့ ဖိအားပေးနိုင်ခဲ့ပေမယ့်လို့ပေါ့။
အခုချိန်မှာ အာဆင်နယ်က အမှတ်ပေးဇယားကို ၇ မှတ်ထိ ဖြတ်ထားပြီဖြစ်ပါတယ်။ သူတို့ ရင်ဆိုင်ရမယ့် ပြဿနာတိုင်းကို သူတို့ ရင်ဆိုင်ဖြေရှင်းနိုင်နေတယ်။ ဒီပွဲမှာလည်း အဲ့လိုပဲ ဖြစ်ပါလိမ့်မယ်။
နယူးကာဆယ်က ခံစစ်ပိုင်းမှာ စုဖွဲ့မှု ကောင်းမွန်နေပါတယ် ဒါပေမယ့် အာတီတာရဲ့ အသင်းကလည်း တိုက်စစ်ပိုင်းမှာ အထင်ကြီးဖို့ ကောင်းမွန်နေပါတယ်။
ဒီလ အကုန်မှာတော့ အာဆင်နယ်က အမှတ်ပေးဖလား ပြိုင်ဆိုင်မှုမှာ ပိုပြီး ကောင်းကောင်းလုပ်နိုင်မလား ကျနော်တို့ မြင်ကြရပါလိမ့်မယ်။ ဒီအခြေအနေမှာတော့ သူတို့က ကိုယ်လုပ်ရမှာကို လုပ်နေနိုင်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် V ဘုန်းမောက်
နောက်ဆုံး ကစားထားတဲ့ လိဂ်ပွဲ ၇ ပွဲမှာ ၆ ပွဲ အရေးနိမ့်ထားတဲ့ ဘုန်းမောက်ကို ကျနော် အနည်းငယ် စိတ်ပူပါတယ်။ ပဲလေစ့်ကို ရင်ဆိုင်တဲ့ပွဲမှာလည်း ဆိုးရွားတဲ့ သွင်းဂိုး ၂ ဂိုးကို ခွင့်ပြုခဲ့ရတယ်။
ယူနိုက်တက်ကတော့ ပြိုင်ပွဲစုံ ၅ ပွဲဆက်တိုက် အနိုင်ရခြင်းနဲ့အတူ ခြားနားတဲ့ ဦးတည်ချက်တွေ ပိုင်ဆိုင်နေပါတယ်။ ရက်ဖိုဒ့် ကစားပုံ ကောင်းမွန်နေတာကလည်း အတော်လေးကို အကူအညီဖြစ်ပါတယ်။ နည်းပြတန်ဟက်က သူ့အလုပ်ကို အကောင်းဆုံး လုပ်ပြီး ယူနိုက်တက်က ယုံကြည်မှုအပြည့် ရှိနေတာပါ။

ပဲလေစ့် V တော်တင်ဟမ်
ခြေစွမ်းပိုင် မတည်ငြိမ်တဲ့ ကလပ်နှစ်သင်း ထိပ်တိုက်တွေ့တာဖြစ်လို့ ဘာဖြစ်လာမလဲ မှန်းဆရ ခက်ခဲပါတယ်။ တော်တင်ဟမ်တို့ တုန့်ပြန်မှု လုပ်နိုင်မလား မသေချာပေမယ့် ဒီပွဲ မနိုင်ခဲ့ရင် နည်းပြကွန်တီက ဆင်ခြေတွေအတွက် ပြင်ဆင်ထားရတော့မှာပါ။
ပဲလေစ့်ရဲ့ စွမ်းဆောင်ရည်ကလည်း အတက် အကျ မြန်လွန်းနေတယ်။ သူတို့က တိုက်စစ်မှာ ခြိမ်းခြောက်နိုင်စွမ်းတော့ ရှိထားပါတယ်။ စပါးတို့ ကစားပုံ ကောင်းရင် ပဲလေစ့်တို့ ခက်ခဲနိုင်ပါတယ်။

ချယ်ဆီး V မန်စီးတီး
ဂရေဟမ် ပေါ်တာကို သဘောကျပါတယ်။ စတမ်းဖိုဒ့်ဘရစ်ချ်မှာ သူအောင်မြင်တာကို ကျနော် မြင်လိုပါတယ်။ ဒါပေမယ့် ချယ်ဆီးပရိသတ်တွေကတော့ သူ့လက်ထက် မြင်နေရတဲ့ ပုံစံတွေအတွက် စိုးရိမ်နေကြမှာပါ။
ဖောရက်စ်ကို ရင်ဆိုင်တဲ့ပွဲမှာ ချယ်ဆီးက ကံကောင်းလို့ ၁ မှတ်နဲ့ အိမ်ပြန်နိုင်ခဲ့တာပါ။ ဒါပေမယ့် ရလဒ်ထက် သူတို့ရဲ့ အခြေအနေက ပြဿနာ ဖြစ်နေပါတယ်။ ကျနော်က ပေါ်တာ ပရိသတ် ဆိုပေမယ့် သူတို့အသင်းမှာ ဘယ်လို ကစားဟန်၊ ဘယ်လို ပုံစံတွေဖြင့် အားထုတ်မယ် ဆိုတာမျိုး မမြင်ရဘူး။ စီးတီးကို ရင်ဆိုင်ရာမှာ သူတို့ ပိုပြီး တိုက်ခိုက်နိုင်ဖို့ လိုပါတယ်။
ဂွာဒီယိုလာရဲ့ အသင်းဟာ အဲဗာတန်ကို သရေကျခဲ့တဲ့ ရလဒ်အတွက် ဒေါသတွေဖြင့် ဒီပွဲကို ယှဉ်ပြိုင်လာကြမှာ ဖြစ်ပါတယ်။ ချယ်ဆီးအသင်းက ပွဲချိန်တွင်းမှာ ခြိမ်းခြောက်မှုတွေ ပြုလုပ်မှာဖြစ်ပေမယ့် သူတို့ရဲ့ ခံစစ်ပိုင်းက မန်စီးတီးရဲ့ လွှမ်းမိုးခြင်းကို ရင်ဆိုင်သွားရမှာပါ။

အခြားပွဲစဉ်တွေအတွက် ဆက်တန်ရဲ့ ခန့်မှန်းရလဒ်များ

